နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MAI လေကြောင်းလိုင်းမှ ရန်ကုန်-ဗန်ကောက် Special Relief Flight များကို ဧပြီ ၁၇ ရက်နှင့် ၂၄ ရက်တို့တွင် ထပ်မံပြေးဆွဲပေးမည်

ရန်ကုန်  ဧပြီ   ၁၅

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အနေနှင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ရန်ကုန်-ဗန်ကောက် Special Relief Flight များကို ဧပြီ ၁၇ ရက်နှင့် ၂၄ ရက်တို့တွင် ထပ်မံပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့နေရပ်သို့ပြန်လိုကြသော ထိုင်းနိုင်ငံသားများနှင့် ဗန်ကောက်မှတစ်ဆင့် အခြားနိုင်ငံများသို့ ပြန်လိုကြသော ခရီးသည်များအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အထူးကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Special Relief Flight)များကို ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲပေးရာတွင် သတ်မှတ်ရက်များ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇ နာရီ ၄၀ မိနစ်တွင် စတင်ထွက်ခွာကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဗန်ကောက်သို့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို Special Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)နှင့်အတူ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေး မည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ