နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အားကစားနှင့် ကာယသိပ္ပံပညာ(စစ်တွေ)ကို (၂၀၂၂ -၂၀၂၃)ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်စေရန် ရည်မှန်းထား

စစ်တွေ  ဧပြီ   ၁၅

အားကစားနှင့် ကာယသိပ္ပံပညာ(စစ်တွေ)ကို (၂၀၂၂-၂၀၂၃)ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်မှန်းချက်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။
ယခုတည်ဆောက်လျက်ရှိသော အားကစားနှင့် ကာယသိပ္ပံပညာ(စစ်တွေ)တွင် သင်တန်းသား၊ သင်တန်းသူများအတွက် ၃ ထပ်အိပ်ဆောင် ၂ လုံး၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရုံ ၄ ရုံ၊ ဘောလုံးအားကစားကွင်း ၂ ကွင်း၊ ၂ ထပ်စာသင်ဆောင်၊ ကျောင်းအုပ်ချုပ်မှုရုံးနှင့် ဝန်ထမ်းအိမ်ရာများ စသည်တို့ပါဝင်ပြီး ငွေကျပ်သန်း ၃၀ဝ၀ ခန့် အကုန်အကျခံကာ တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ အားကစားနှင့် ကာယသိပ္ပံပညာ(စစ်တွေ) ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်အတွင်းမှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော သင်တန်းသား၊ သင်တန်းသူဦးရေ ၂၅၀ အထိကို စိစစ်ရွေးချယ်ကာ နိုင်ငံတော်အထောက်အပံ့ဖြင့် အားကစားနည်း ၆ မျိုး လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သင်တန်းသား၊ သင်တန်းသူများကို အခြေခံပညာအထက်တန်း ပြီးဆုံးသည်အထိ ကျောင်းပညာများသင်ကြားပေးကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများကိုလည်း သက်ဆိုင်ရာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ