နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အမျိုးသားသွေးဌာန(ရန်ကုန်)၌ နံနက် ၈ နာရီမှ ညနေ ၃ အထိ လာရောက်သွေးလှူဒါန်းနိုင်

ရန်ကုန်  ဧပြီ   ၁၅

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာန(ရန်ကုန်)တွင် ယခုသင်္ကြန်ကာလ ရုံးပိတ်ရက်များ အတွင်း လာရောက်သွေးလှူဒါန်းလိုသူများအတွက် မြန်မာနှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်)၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသွေးဌာန(ရန်ကုန်)တွင် ယခုသင်္ကြန်ကာလရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၉ ရက်အထိ သွေးလှူဒါန်းသူများအား ဝန်ဆောင်မှုပေးခြင်း ယာယီရပ်နားထားသော်လည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်နေ့တွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ လာရောက် သွေးလှူဒါန်းနိုင်ကြောင်း သိရသည်။
ထိုသို့  လာရောက်သွေးလှူဒါန်းရာတွင် သွေးအလှူရှင်များအနေနှင့် စောင့်ဆိုင်းရမှုမရှိစေရန် အွန်လိုင်းမှတစ်ဆင့် အမျိုးသားသွေးဌာန(ရန်ကုန်)၏ အင်တာနက်ဝက်ဘ်ဆိုက်ဖြစ်သော www.donatebloodmyanmar.org တွင် Booking ပြုလုပ်ပြီးမှသာ လာရောက်လှူဒါန်းသင့်ကြောင်း သိရသည်။

အမျိုးသားသွေးဌာန(ရန်ကုန်)တွင် ယခုသင်္ကြန်ကာလရုံးပိတ်ရက်များ၌ သွေးလှူဒါန်းလိုသူများအား ဝန်ဆောင်မှုပေးခြင်း ယာယီရပ်နားထားသော်လည်း လူနာများအတွက် လိုအပ်သောသွေးနှင့် သွေးပစ္စည်း များကို ရုံးပိတ်တစ်လျှောက်လုံး ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ