နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်လင်၊ ရွာငံ၊ ဟိုပုံးနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

လွိုင်လင် ဧပြီ ၁၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ညနေ ၃ နာရီတွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး လွိုင်လင် - တောင်ကြီးကားလမ်းတွင် ခွန်ပန်းအောင် မောင်းနှင်ပြီး ခွန်မောင်ဦးနှင့် ခွန်မောင်းလိုက်ပါလာသည့် ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဧပြီ ၁၃ ရက် မွန်းတည့်၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ် ရွာငံ-ကျောက်ဆည်သွားကားလမ်းညောင်လေးပင် စစ်ဆေးရေးဂိတ်တွင်ဝေလင်းအောင်(ခ)ဗူးသီး မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာဘိန်းစိမ်း ၂၄ ကီလိုကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၁၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်ဖာလိုင်ကျေးရွာ ဟိုပုံး - တောင်ကြီး သွားကားလမ်းတွင် ခွန်အောင်နိုင်မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ အားဂျာ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၈၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ