နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနိုင်းမြို့၌ KIA လက်နက်ကိုင်အဖွဲ့က ယာဉ်များကို ဆက်ကြေးကောက်ခံပြီး ဆန်တင်ယာဉ်လေးစီး မီးရှို့ဖျက်ဆီး

တနိုင်း ဧပြီ ၁၅

ကချင်ပြည်နယ် တနိုင်းမြို့၌ KIA လက်နက်ကိုင်အဖွဲ့က ယာဉ်များကို ဆက်ကြေးကောက်ခံပြီး ဆန်တင်ယာဉ်လေးစီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာ ရငမ်ကုန်း အနီး တနိုင်း-မြစ်ကြီးနားလမ်းမကြီးပေါ်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင် (စစ်ဆဲ) အင်အား ၃၀ ခန့်သည် တနိုင်းမြစ်ကြီးနားသွား ယာဉ်ကိုရပ်တန့်စစ်ဆေးပြီး ၎င်းတို့အဖွဲ့ထံ ဆက်ကြေးပေးသွင်းထားသည့် စာရွက်စာတမ်းအထောက်အထားများ ပြသနိုင်ပါက ရန်ပုံငွေအဖြစ် ယာဉ်ကြီးတစ်စီးလျှင် ငွေကျပ် ၄၀၀၀၀ ဆက်ကြေးပေးသွင်းထားကြောင်း အထောက်အထား မပြသနိုင်ပါက ယာဉ်ကြီးတစ်စီးလျှင် ငွေကျပ် ၂၅၀၀၀၀ ၊ ယာဉ်ငယ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ယာဉ်ငယ်တစ်စီးနှင့် ယာဉ်ကြီးသုံးစီးတို့ကို ဆက်ကြေးကောက်ခံကာစေလွှတ်ပေးခဲ့သည်။

အဆိုပါအဖွဲ့သည် ရှင်ဗွေယန်မြို့ရှိ ပြည်သူများသုံးရန် ဦးစိုးနိုင်ဝင်း (စီစစ်ဆဲပါ လေးဦး မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် သုံးစီးနှင့် ၁၀ ဘီးယာဉ် တစ်စီး စုစုပေါင်း ဆန်တင်ယာဉ် ၄ စီးတို့ကို တနိုင်း - မြစ်ကြီးနားလမ်းမကြီး ဘေး အရှေ့ဘက်တစ်မိုင်ခန့်အကွာ တောတွင်းတစ်နေရာသို့ မောင်းနှင်စေပြီး ယာဉ်လေစီး(တန်ဖိုးငွေကျပ်သိန်း ၁၇၅၀ ခန့်)နှင့် ယာဉ်ပေါ်ပါ ဆန်အိတ် ၁၂၀ တန်ဖိုးငွေကျပ် ၃၈၄ သိန်းခန့်)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ယာဉ်မောင်း လေးဦစတို့ကို ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် တနိုင်းမြို့သို့ လိုင်းကားများဖြင့်ပြန်လည်ရောက်ရှိခဲ့သည်။

ဖြစ်စဉ်ပါ KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံကာဆန်တင်ယာဉ်များကို အကြမ်းဖက်မီးရှို့ ဖျက်ဆီးခဲ့သည့်နေရာများ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ