နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးများအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဖုန်း SMS မှတဆင့် အခမဲ့ပေးပို့သွားမည်

ရန်ကုန် ဧပြီ ၁၄

ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ အာဟာရဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ နေထိုင် မကောင်းဖြစ်လျှင် လိုက်နာသင့်သည်များကို ဖုန်း SMS မှတဆင့် အခမဲပေးပို့သွားမည့်အစီအစဉ်တစ်ခုကို Dr Myanmar မှ စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် MPT, Telenor, Ooredoo အသုံးပြုသူများအနေဖြင့် SMS အစီအစဉ်လေးကို ရယူလိုပါက Dr Myanmar ၏ Messenger (m.me/drmyanmarhealth) ကို ဖုန်းနံပါတ်များ ပေးပို့ထားနိုင်ပြီဖြစ်သည်။ ထိုသို့ပေးပို့ထားခြင်းဖြင့် မိမိတို့ ရင်သွေးငယ်များ၏ ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများကို စုံလင်စွာ သိရှိနိုင်မည်ဖြစ်သည်။ ကလေးငယ်များ၏ ကျန်းမာရေးသည် လူကြီးများထက် ပိုမိုဂရုပြုသတိထားရသဖြင့် ကလေးများ၏ ကျန်းမာရေးဆိုင်ရာများကို မိဘများအနေဖြင့် အထူးဂရုပြုလေ့လာသင့်သည်။
(WP)






အခြားဆက်စပ်သတင်းများ