နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်အရေခွံက ပေးစွမ်းနိုင်သည့်ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ဧပြီ ၁၄

လူအတော်များများက ကြက်ကြော်၊ ကြက်ကင်၊ ကြက်သားဟင်းများ စားကြသည့်အခါ အသားကိုသာ ပိုမို ကြိုက်နှစ်သက်စွာစားကြသော်လည်း အရေခွံကို ဖယ်လေ့ရှိကြသည်။ အချို့ကလည်း ကြက်အရေခွံစားခြင်းကြောင့် ဝိတ်တတ်စေခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်ခြင်း၊ အဆီများသဖြင့် မစားချင်ကြောင်း စသဖြင့် ပြောဆိုလေ့ရှိကြသည်။

သို့သော် ကြက်အရေခွံသည် ကျန်းမာရေးနှင့်ညီညွှတ်ပြီး နှလုံးအတွက် အင်မတန်ကောင်းမွန်စေသည့် အစားအစာတစ်ခု ဖြစ်ကြောင်းကို ဟားဗတ်တက္ကသိုလ်၏ တွေ့ရှိချက်အရ ကြက်အရေခွံတွင် ပါဝင်သည့် အဆီအများစုသည် ကျန်းမာရေး အတွက် အထူးကောင်းမွန်သည့် အဟာရဓာတ်များစွ်ပါဝင်ပြီး အချို့လူများ စိုးရိမ်နေကြသကဲ့သို့ အရေခွံတွင် ပါဝင်သည့် အဆီကြောင့် နှလုံးရောဂါနှင့် အဝလွန်ခြင်းကိုလည်း မဖြစ်စေနိုင်ပေ။

ကြက်အရေခွံတွင်ပါရှိသည့် အဆီသည် ကိုလက်စထရော (Cholesterol) နှင့် သွေးဖိအား (Blood Pressure) ကို ထိန်းညှိ ပေးနိုင်သည့်အတွက် ကျန်းမာရေးအတွက် ပိုမိုသင့်စေသည့်အပြင် ကြက်အရေခွံက ကြက်သား၏ အရသာကို ပိုတိုး အောင် လုပ်ဆောင်ပေးသောကြောင့်  ဟင်းချက်သည့်အခါ ဆား၊ အချိုမှုန့် အများကြီး ထည့်ရန်မလိုဘဲ ကြက်သား၏ နဂိုမူလအချိုဓာတ်က ပြည့်ဝပြီးသား ဖြစ်နေစေသည်ကို သိရှိသူနည်းပါးလွန်းလှသည်။

ထို့ပြင် ကြက်သားကြော်၊ ကြက်သားဆီပြန် စသဖြင့် ချက်ပြုတ်သည့်အခါတွင်လည်း ကြက်သားထဲ ဆီများစိမ့်ဝင်သွားခြင်းမျိုး မဖြစ်စေရန် အရေခွံကို လုံးဝ မဖယ်သင့်ပေ။ သို့သော် ကြက်သားနှင့် ကြက်အရေခွံတွင် ခန္ဓာကိုယ် ရောင်ရမ်းမှုကို ဖြစ်စေသည့် Omega-6 ပါဝင်သောကြောင့် အလွန်အကျွံစားမိသည့်အခါ ဘေးဖြစ်စေနိုင်သောကြောင့် လိုအပ်သည်ထက် ပိုမိုစားသုံးရန် မသင့်ပေ။

(WP)






အခြားဆက်စပ်သတင်းများ