နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်းကို သက်တမ်းတိုးကာလ တစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်

ရန်ကုန် ဧပြီ ၁၄

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်းကို သက်တမ်းတိုးကာလ တစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ထိုစီမံကိန်းကို အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့(IFAD)မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၆ သန်းနှင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၉ သန်း တို့ဖြင့် လွန်ခဲ့ေ့သာ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ၊ စီမံကိန်းကာလ ၆ နှစ်ကြာ ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများကြောင့် နောက်ထပ် စီမံကိန်းကာလ တစ်နှစ် ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့(IFAD)ကလည်း သဘောတူညီခဲ့ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတစ်ဝန်း၌ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်းတွင် ပါ၀င်သော စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စနစ်တကျ ဖော်ဆောင် ထားပြီးဖြစ်ကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင် လယ်ယာစိုက်ပျိုးမြေ ၃၀၅၀ ဒသမ ၆၄ ဧက၊ ရေသွင်းမြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၉၈၉၀ ခုနှင့် ရေနုတ်မြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၆၈၅၀၀ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့်အပြင် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရေအသုံးချသူများအဖွဲ့ ၁၂၃ ဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။                   

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ