နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေအိုင်နည်းပညာက ပြဆိုတဲ့အရိုးအဆစ်ခက်မာမှု (၃)ခု

ဧပြီ   ၁၄

အေအိုင်နည်းပညာက ပြဆိုတဲ့ "အရိုးအဆစ်ခက်မာမှု"(၃)ခုရှိပါတယ်။ လေ့လာမှုသစ်မှာ သုတေသီတို့က (AI - Antificial Intelligence)အသုံးပြုကာ ထောင်ပေါင်းများစွာလူနာတွေအပေါ် စမ်းသပ်ခဲ့ကြတယ်။ "အရိုး အဆစ်ခက်မာမှု(MS)"နဲ့ ဦးနှောက်ပုံမှန်မဖြစ်မှုဆက်စပ်နေနိုင်တယ်။ သုတေသီတို့က အရိုးအဆစ် ခက်မာမှု(MS)နဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာထားပြီး ကုသမှုအတွက် ထူးခြားတဲ့သက်ရောက်မှုများရှိပါ တယ်။

အရိုးအဆစ်ခက်မာမှု(MS - Multiple Sclerosis)ရောဂါဟာ ခုခံမှုစနစ်ပျက်ယွင်းရောဂါစုဖြစ်ပြီး ကျောရိုးမတလျှောက် အာရုံကြောများ၊ နာဗ့်ကြောမျှင်(Myelin Sheath)များ၊ ကျောရိုးမတလျှောက်တိုက်ခိုက်ခံရနိုင်ပါတယ်။
နာတာရှည်နာဗ့်အာရုံကြောရောဂါများဟာ ဦးနှောက်နဲ့အခြားနေရာများ အာရုံကြောနာဗ့်ကြောရဲ့ဆက်စပ် နေမှုတွေအပေါ် သက်ရောက်မှုရှိပါတယ်။

ရောဂါမဆိုးအောင်(သို့)လုံးဝပျောက်ကင်းအောင် ကုသဖို့ခက်ခဲလှပါ တယ်။ ရောဂါကုသဖို့အတွက် လေ့လာမှုတွေဟာဝေးကွာလို့နေပါသေးတယ်။
ယခုအချိန်မှာ ရောဂါနဲ့ပတ်သက်ပြီး နားလည်ဖို့ကြိုးစားနေသလို၊ ရောဂါပိုမဆိုးအောင်ကုသနေပါတယ်။ ဒေါက်တာအာမင်အက်ရှာဂျင်(Dr Arman Eshagin)လန်ဒန်တက္ကသိုလ် ဘုရင်မဆေးရုံအာရုံ‌ကြောဌာနက မှန်ကန်တဲ့ကုသမှုနဲ့ မှန်ကန်တဲ့ရောဂါအတွက် ထိရောက်ရမယ်လို့ဆိုပါတယ်။

ဒေါက်တာအက်ရှာဂျင်(Dr Eshagin)ဟာ အရိုးအဆစ်ခက်မာမှုရောဂါ(MS - Multiple Sclerosis)နဲ့ ပတ်သက်ပြီး ပိုမိုနားလည်အောင်ကြိုးစားလျက်ရှိပြီး အဆိုပါရောဂါလက္ခဏာများ၊ ဇီဝကမ္မဖြစ်စဉ်များအပေါ်လေ့လာခဲ့ကြတယ်။
အေအိုင်နည်းပညာနဲ့ အရိုးအဆစ်ခက်မာမှုရောဂါကို ပိုပြီးသေချာအကျိုးရှိစေတဲ့ကုသမှုများနဲ့ ကူညီပေး နိုင်မယ်ဆိုတယ်။
တွေ့ရှိမှုစာတမ်းကို သဘာဝဆက်သွယ်ခြင်း(Nature Communication)ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထား ပါတယ်။

REF: Health Update Today News

 ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ