နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်က ရော်နယ်ဒိုနေရာမှာ အမ်ဘာပေ၊ PSG က အမ်ဘာပေနေရာမှာ ရော်နယ်ဒိုအစားထိုးတော့မယ်

ဧပြီ   ၁၄

အမ်ဘာပေကိုအသင်းမှာ နှစ်ရှည်စာချုပ်ချုပ်ဆိုပြီး ဆက်ထိန်းသိမ်းထားချင်တာက PSG ရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး အမ်ဘာပေကတော့ရီးရဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ကစားဖို့ မျက်စိကျနေတာကြောင့် PSG က အဓိကတိုက်စစ်မှူးအမ်ဘာပေရဲ့နေရာကို စီရော်နယ်လ်ဒိုနဲ့အစားထိုးဖို့စီစဉ်နေပြီလို့ သိရပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီရာသီအကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပါ တယ်။

ပြင်သစ်သားဟာလည်း အသင်းနဲ့ ၂၀၂၂ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သူ့ကိုဒီရာသီ အပြီး ရောင်းထုတ်ရတော့မှာပါ။ PSG အနေနဲ့ အမ်ဘာပေတို့စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေလို့သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာကြောင့် မျှော်လင့်ထားသလို ယူရိုသန်း ၂၀၀ ရရှိဖို့ စျေးတင်း ထားနိုင်မှာမဟုတ်ဘဲ ယူရိုသန်း ၁၅၀ ဝန်းကျင်နဲ့ ထုတ်ရောင်းဖို့ပြင်ဆင်နေကြရပြီး သူ့နေရာကို အစားထိုး မယ်ဆိုရင်တော့ ရော်နယ်လ်ဒိုသာအသင့်တော်ဆုံးလို့ ခံယူထားတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ဆွေးနွေးဖို့ပြုလုပ်နေတာဖြစ်ပြီး ဂျူဗင်တပ်စ်ကိုစွန့်ခွာဖို့ ဆုံးဖြတ်ချက်ချထားခြင်းဟာ အခုချိန်ထိမရှိသေးဘူးလို့ သတင်းတွေကဆိုပါတယ်။ ကျွန်တော်တို့အသင်းက အမ်ဘာပေကို ကောင်းကောင်းနားလည်ထားပါတယ်။ သူကတကယ့်ဂရိတ်ပါ။ သူဘာလိုချင်လဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ပါမယ်လို့ ရီးရဲလ်နည်းပြဇီဒန်းက အယ်လ်ကလက်ဆီကိုပွဲကြိုမှာ အမ်ဘာပေရဲ့ သတင်းတွေနဲ့ပတ်သက်လို့ တုံ့ပြန်ခဲ့တာဖြစ်ပြီး သူ့ကိုလိုချင်နေကြောင်းလည်း ဖွင့်ဟခဲ့တယ်။ ရီးရဲလ်အသင်း အနေနဲ့ လစ်ဟာနေတဲ့ စီရော်နယ်လ်ဒိုရဲ့နေရာကို ပြန်လည်ဖြည့်တင်းဖို့ဆိုရင် အမ်ဘာပေတစ်ဦးတည်းသာရှိ ကြောင်း မှတ်ယူနေတာဖြစ်တယ်။

ပီအက်စ်ဂျီအသင်းကလည်း စီရော်နယ်လ်ဒိုကသာ အမ်ဘာပေရဲ့နေရာကို ဖြည့်ပေးနိုင်မယ့် အသင့်တော်ဆုံးကစားသမားအဖြစ် ခံယူထားတာကြောင့် ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ PSG အသင်းတို့ရဲ့ သုံးပွင့်ဆိုင်အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ