နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးကိုအနိုင်ရပေမယ့် ဆွန်ဟောင်မင်အပြုအမူကို ပြစ်တင်ပြောဆိုလိုက်တဲ့ ဆိုးလ်ရှား

ဧပြီ   ၁၄

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ စပါးနဲ့ပွဲမှာ မက်တော်မီနေးနဲ့ထိခိုက်ပြီးနောက် လိုအပ်တာထက်ပိုပြီး  နာကျင်ပြခဲ့တဲ့ဆွန်ဟောင်မင်ကို ဝေဖန်လိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာ တော်မီနေးကိုလက်နဲ့လိုက်ဆွဲခဲ့လို့ တော်မီနေးက လက်ကိုပုတ်ထုတ်ရာကနေ မျက်နှာကိုမတော်တဆထိမိခဲ့ပါတယ်။ တော်မီနေးရဲ့ဘောလုံး လမ်းကြောင်းစတင်ရာကနေ ကာဗာနီကဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြည့်ကြည့်ခဲ့ပြီး ဆွန်ကို ပြစ်ဒဏ်လုပ်ခဲ့တယ်လို့ယူဆကာ ယူနိုက်တက်ရဲ့ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

အဲဒီနောက် မကြာခင်ပဲ ဆွန်က စပါးအတွက် ဂိုးသွင်းခဲ့ပြီး ဦးဆောင်စေခဲ့ပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဂိုးသွင်း ခဲ့တဲ့ ကာဗာနီကလည်း သူ့ရဲ့ဂိုးမရခဲ့တဲ့အပေါ် တော်တော်လေးဒေါသထွက်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကလည်း အံ့အားသင့်ဖို့ကောင်းနေခဲ့ပြီး အနှေးပြကွက်တွေအရ ဆွန်ကသာလိုက်ဆွဲခဲ့တာဖြစ်ပြီး တော်မီနေးနဲ့ထိခိုက်ရာမှာ သာမန်ပုံစံသာဖြစ်ခဲ့ပေမယ့် ဆွန်ကဆေးအဖွဲ့အကူအညီပါ ရယူသွားခဲ့တာဖြစ်လို့ ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။“တကယ်လို့ ကျွန်တော့်သားသာလဲကျနေခဲ့ပြီး အသင်းဖော်တွေထူမှ ပဲ ထရလောက်အောင်ဖြစ်နေမယ်ဆိုရင် သူ့ကိုထမင်းတောင်မကျွေးဘဲပစ်ထားလိုက်မှာဗျ၊ တော်တော်ရှက် စရာကောင်းပါတယ်

၊ ပွဲကလုံးဝအနှစ်သာရပျောက်ကွယ်သွားပါတယ်၊ အရမ်းကောင်းခဲ့တဲ့သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဒိုင်ကခွင့်မပြုခဲ့ပါဘူး၊ သူကကျွန်တော်တို့ကို ဘောလုံးကစားတာမဟုတ်ဘူး ဒါမှမဟုတ် VAR ကဆုံးဖြတ်တာလို့ ပြောကောင်းပြောနိုင်ပါတယ်” ပြစ်ဒဏ်ဘောလို့ သတ်မှတ်တော့ကျွန်တော် တို့တော်တော်လေးရှော့ခ်ဖြစ်ခဲ့ပါတယ်”လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ ကွင်းအတွင်းမှာလည်း ဒီဆုံးဖြတ် ချက်အတွက် စတုတ္ထဒိုင်ကိုစောဒကတက်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ကဖရက်ဒ်၊ ကာဗာနီ၊ ဂရင်းဝုဒ်တို့ရဲ့ ဂိုးတွေနဲ့စပါးကို ၁-၃ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ