နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲအတွင်း ဘောလုံးမပေးလို့ ပေါက်ကွဲပြခဲ့တဲ့ ရော်နယ်ဒို

ဧပြီ   ၁၄

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျီနိုအာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အသင်း အဝတ်လဲခန်းထဲမှာ စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ အိမ်ကွင်းမှာသက်သောင့် သက်သာအနိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုအနေနဲ့ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။

လက်ရှိဇယားထိပ်မှာ ဦးဆောင်သူ အင်တာမီလန်နောက် ၁၂ မှတ်အကွာနဲ့ တတိယနေရာမှသာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဂျူဗင်တပ်စ်အနေနဲ့ အရေးကြီးတဲ့အနိုင် ၃ မှတ်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုအနေနဲ့ ပွဲကစားနေစဉ်မှာအသင်း ဖော်တချို့က သူ့ဆီဘောလုံးမပေးခဲ့တာကြောင့် အခုလိုစိတ်ဆိုးဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံ မှတ်တမ်းတချို့အရလည်း ဂိုးသမားဆက်ဇနီနဲ့ စကားပြောဆိုနေတဲ့ပုံစံမျိုးတွေ့ရှိခဲ့ပြီး သူတို့ရဲ့ခန္ဓာကိုယ်အမူ အရာအရ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်နေတဲ့ပုံစံဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ ပွဲအပြီးမှာ သူရဲ့ဂျာစီကို ကြမ်းပြင်ပေါ်ပစ်ပေါက်ခဲ့သလို အဝတ်လဲခန်းထဲမှာလည်း နံရံကိုလက်သီးနဲ့ထိုးနေခဲ့ကြောင်း သိရပါတယ်။ ပွဲပြီးတဲ့အခါ ဘယ်သူနဲ့မှစကားမပြောဘဲ တစ်ယောက်တည်း တိတ်ဆိတ်စွာရေချိုးပြီးဘယ်သူ့မှ နှုတ်ဆက်ခြင်းမရှိဘဲ ပြန်သွားကြောင်းသိရပါတယ်။

ဒီအကြောင်းကို အသင်းရဲ့မန်နေဂျာ ပီယာလိုကိုယ်တိုင် က အတည်ပြုပေးခဲ့ပြီး “သူတစ်ဂိုးမှမသွင်းနိုင်လို့ စိတ်ဆိုးနေခဲ့တယ်၊ သူ့လိုမျိုးအမြဲတိုးတက်ချင်နေသူ အတွက် ဒါမျိုးကဖြစ်တတ်ပါတယ်။ သူ့အနေနဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့တောင်မထင်ပါဘူး။ တစ်ခါ တစ်လေစိတ်ရှုပ်တဲ့အခါ ဒါမျိုးကဖြစ်တတ်ပါတယ်”လို့ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ တခြားသတင်းများ ကလည်း ရော်နယ်ဒိုတူရင်မှာ မပျော်ရွှင်တော့ကြောင်း ဖော်ပြနေကြပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေကြောင်း ဖော်ပြနေကြပါတယ်။ လက်ရှိမှာတော့ အသင်းဟောင်းရီးရဲလ်မက်ဒရစ် အသင်းကို ပြန်သွားဖို့သတင်းပြေးနေသလို ပိုက်ဆံအများအပြားပေးနိုင်တဲ့ မေဂျာလိဂ် ဒါမှမဟုတ် တရုတ်စူပါ လိဂ်ကိုလည်း ပြောင်းရွှေ့နိုင်ကြောင်း သိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ