နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာနိုးလ်ဒ်ကြောင့် အိမ်ကွင်းမှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့တဲ့ လီဗာပူးလ်

ဧပြီ   ၁၃

လီဗာပူးလ်အသင်းဟာ နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ကြိုးပမ်းမှုကြောင့် အိမ်ကွင်းမှတ်တမ်း ဆိုးကို ရပ်တန့်လိုက်နိုင်ပြီဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ အနည်းငယ်ပြန်ငြိမ်လာတဲ့ ကာဘက်ခ်နဲ့နာသန်ဖိလစ်တို့ ကို တွဲပေးခဲ့ပြီး ရှေ့ကနေဖာဘင်ညိုနဲ့ ကာကွယ်ပေးခဲ့တဲ့ ခံစစ်တည်ဆောက်ပုံက တိုးတက်လာခဲ့ပါတယ်။ ဗီလာတို့ကတော့ ခံစစ်မှာစုဖွဲ့ကစားပြီး တန်ပြန်တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ပုံစံနဲ့အဝေးကွင်းမှာ အမှား မလုပ်မိဖို့ကို ဦးတည်ကစားခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာတော့ မက်ဂင်းပေးတဲ့ဘောလုံးကို ဝပ်ကင်းစ်ကဘယ်ခြေနဲ့ လျှပ်တစ်ပြက်ကန်သွင်းနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ လီဗာပူးလ်တို့ အဝေးဘောနဲ့ ထိုးဖောက်လာခဲ့ပြီး ဂျိုတာပြန်ချိုးပေးတာကို အဆင့်ဆင့်ပိတ်ရင်း ဖာမီနိုကကန်သွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီး က လူကျွံဘောအဖြစ်သတ်မှတ်ခဲ့လို့ ပထမပိုင်းမှာ ဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယ ပိုင်း ၅၇ မိနစ်မှာတော့ ဂိုးသမားမာတီနက်ဇ်ပီပီပြင်ပြင်မကာကွယ်နိုင်ခဲ့တာက အလယ်မှာရှိနေတဲ့ မိုဟာမက် ဆာလားရှေ့ကို ဘောလုံးရောက်သွားစေပြီး တိုက်စစ်မှူးကသူ့ရဲ့ဒီရာသီ ၁၉ ဂိုးမြောက်အဖြစ် ပိတ်သွင်းချေပ နိုင်ခဲ့ပါတယ်။

လီဗာပူးလ်တို့အနိုင်ရဖို့ ပိုမိုဖိကစားလာခဲ့သလို ဗီလာတို့ကတော့ တန်ပြန်တိုက်စစ်ကနေဂိုး ထပ်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ ပွဲချိန် ၈၉ မိနစ်မှာ လီဗာပူးက အဝါကတ်ထိထားတဲ့ တားဂက်ကို ဖိအားပေးဖို့ ရှာကျီရီကို ထည့်လိုက်ချိန်မှာ ဗီလာခံစစ်ကယိမ်းယိုင်လာခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ သီယာဂိုရဲ့ ကန်ချက်ကို မာတီနက်ဇ်ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကကန်သွင်းရာမှာ လီဗာပူးလ်တို့ အနိုင်ဂိုးရသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ဥရောပဝင်ခွင့်အတွက် ပြန်လည်တာစူနိုင်ခဲ့ပြီး အိမ်ကွင်းအန်းဖီးလ်မှာ နောက်ဆုံး ၆ ပွဲဆက်ရှုံးပြီး ၈ ပွဲဆက် အနိုင်မရတဲ့စံချိန်ဆိုးကို ရပ်တန့်သွားနိုင်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ