နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခါသင်္ကြန်မုန့်လုံးရေပေါ်နှင့် အာဟာရတန်ဖိုး

ဧပြီ   ၁၃

ဧပြီလရောက်တာနဲ့ သင်္ကြန်အငွေ့အသက်ကိုရရှိလာပါပြီ။ ယခု ၂၀၂၁ ခုနှစ်တွင် ပန်းပိတောက် နှင့် ငုရွှေဝါများက တချို့နှစ်များထက်စော၍ ပွင့်လန်းနေကြသည်မှာ ကြည်နူးဖွယ်ရာပါ။ နှစ်ဟောင်းက အညစ်အကြေးတွေကိုဆေးကြော သန့်စင်ပြီး သစ်လွင်တဲ့နှစ်သစ်ကို ကြိုဆိုရင်း၊ မြန်မာ့အတာရေသဘင်ပွဲ ကိုဆင်နွှဲကြတဲ့ သင်္ကြန်အခါသမယလည်းတစ်နှစ်လည်လို့ တစ်ခါရောက်ခဲ့ပြန်ပါပြီ။ သင်္ကြန်ကာလ မှာ တစ်ဦးနှင့်တစ်ဦး မြူးထူးပျော်ရွှင် ရေစင်ဖျန်းပက်ကစားကြတဲ့အခါ၊ မငြူစူကြည်ဖြူစွာ ရေကစားကြတာဟာချစ်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာဓလေ့တစ်ရပ်ဖြစ်ပါတယ်။ ထို့အတူရပ်တကာ၊ နယ်တကာမှာ သူသူငါငါလူတကာကို စတုဒိသာကျွေးမွေးဧည့်ခံကြတာလည်း ကြည်နူးစရာရှေးအစဉ်အလာ ဒါနတစ်ခုရယ်ပါ။

သင်္ကြန်အခါသမယမှာအုန်းလက်နှင့် တမာခက်တွေမိုးကာထားတဲ့ သင်္ကြန်မဏ္ဍပ်အတွင်း ဒါနအမှုပြုလေ့ ရှိကြတဲ့ သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ပေါင်မုန့်အုန်းနို့ဆမ်းစတဲ့ မြန်မာ့ရိုးရာအစားအစာလေးများ ကခါသင်္ကြန်ဖြင့် လိုက်လျောညီထွေရှိလှပါတယ်။ ဝါသနာပါသူများကလည်း အစဉ်လာမပျက် မိမိနေအိမ်မှာသင်္ကြန်အစားအစာလေးများကိုပြုလုပ်၍ အိမ်နီးချင်းမိတ်ဆွေများကို ဝေငှ လှူမျှကြတာကအရိုးပေါ်အရွက်မဖုံးတဲ့ ချစ်စရာ့ဓလေ့ဖြစ်ပါတယ်။ သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ်က မုန့်လုံးရေပေါ်ပါ။ မြန်မာအယူအဆအရ “တိမ်မြုပ်နေတဲ့ကံကို ကောင်းမွန်ပေါက်ရောက်စေဖို့” ဟူသောအကျိုး ငှာမုန့်လုံးရေပေါ်ကို သင်္ကြန်တွင်းသာမက၊ သင်္ကြန်မဟုတ်တဲ့ အချိန်များမှာလည်း လှူဒါန်းလေ့ရှိကြပါတယ်။

မုန့်လုံးရေပေါ်ကို ခါသင်္ကြန်အတွင်းမှာ လူအများကြီးနဲ့ပျော်ပျော်ပါးပါးလုံးကြရင်း၊ အိမ်နီးနားချင်းတွေနှင့် လမ်းပေါ်ကရေကစားသူတွေကို ဝေငှကြရတာချစ်စရာမြန်မာ့ဓလေ့ပါ။ ထန်းလျက်ခဲလေးချိုးဖဲ့ထည့်ထားတဲ့ မုန့်လုံးရေပေါ်ကချိုဆိမ့်နေပြီး၊ သူ့အပေါ်ဖြူးထားတဲ့ အုန်းသီးခြစ်အရသာကြောင့် ပိုမိုကောင်းမွန်တဲ့ အာဟာရဖြစ်သွားပါတယ်။ ကောက်ညှင်းမှုန့်ဖြင့် ပြုလုပ်ထား၍  ဝါးရတာခပ်စေးစေးဖြင့် လျှောခနဲလျှောခနဲဝင်သွားပါတယ်။

ဒါကြောင့်လည်း မုန့်လုံးရေပေါ်ကိုဘယ်လောက်စားစား ဗိုက်ဝတယ်လို့မထင်ရဘဲ များများစားမိ တတ်ပါတယ်။ မုန်လုံးရေပေါ်က ကောက်ညှင်း၊ ထန်းလျက်ခဲ၊ အုန်းသီးတို့ဖြင့် ချိုဆိမ့်တဲ့အရသာလေးမို့ ကလေးလူကြီးအားလုံး ကြိုက်နှစ်သက်ကြပါတယ်။

၄င်းအရောအနှောမျိုးစုံပါတဲ့ မုန်းလုံးရေပေါ် တစ်လုံးချင်းစီမှ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်အုပ်စု၊ ပြည့်ဝဆီ၊ ဗီတာမင်၊ စီလီနီယမ်အပါအဝင် သတ္တုဓာတ်အမျိုးမျိုး၊ အမျှင်ဓာတ်၊ မဂ္ဂနီးစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကစီဓာတ်တို့ကိုတပြိုင်နက်တည်း ရရှိစေမှာဖြစ်ပါတယ်။
အကယ်၍ မုန့်လုံးရေပေါ်ထဲမှာမတော်တဆပါလာတဲ့ ငရုတ်သီးစိမ်းတောင့် ဝါးမိခဲ့ရင်၊ “ကံဆိုးသူမောင်ရှင်”လို့ မယူဆဘဲ Capsaicin, Capsanthin နှင့် Capsorubin စတဲ့ အယ်လ်ကာလီ ဓာတ်ပေါင်းစုတွေ ရရှိစေတာကြောင့် ဦးနှောက်ကိုတက်ကြွလန်းဆန်းစေတယ်၊ တစ်နှစ်ပတ်လုံးကျန်းမာရေးကောင်းဦးမယ်လို့ အကောင်းမြင်ဘက်က ရှုပါလေ။      
                                                          
ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ