နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခုခံမှုစနစ်အပေါ်လွှမ်းမိုးနေသောအစာအာဟာရများ

လူသားတို့မှာခုခံမှုစနစ်အပေါ်လွှမ်းမိုးနေတဲ့ အစာအာဟာရများရှိနေပါတယ်။ ဘယ်လိုအစားအစာမျိုးကခုခံမှု စနစ်ကောင်းမွန်စေခြင်းနှင့်ပတ်သက်၍ အတိအကျမပြောနိုင်သေးပါဘူး။ လူသားတို့အသက်ရှင် ရပ်တည်နိုင်ဖို့ အစာအာဟာရများစားသောက်ကြရသလို ခုခံမှုစနစ်မြင့်မားလာဖို့ သီးခြားအပိုဆောင်းအာဟာရများ စားသောက်ကြ ပါတယ်။

ယခုလူမှုကွန်ရက်(Complex Network)မှာအစာအာဟာရကလူတို့ရဲ့ခုခံမှုစနစ်အပေါ်လွှမ်းမိုးနေမှုများနဲ့ ပတ်သက် လို့ ပဋိပစ္စည်းနဲ့ ဗက်တီရီးယား၊ ဗိုင်းရပ်(စ်)၊ ပါရာဆိုက်များ၊ အဆိပ်များဆက်နွယ်နေတဲ့အ ပေါ်ပြောဆို လာကြပါတယ်။

ခုခံမှုစနစ်ဆိုရာမှာ လူသားတို့သိရှိမှု လုပ်ဆောင်တဲ့ခုခံမှုစနစ်နဲ့၊ သဘာဝခုခံမှုစနစ်ဆိုပြီးရှိပါတယ်။ ခုခံမှုစနစ်ဟာလူသားတွေရောဂါတစ်ခုခုတွေးမြင်နိုင်ချိန်၊ မိမိကိုယ်ခန္ဓာကအလိုအလျောက် တုံ့ပြန်နိုင်ခြင်းနဲ့ အခြားအရည်အသွေးမြင့် အစားအစာစားပေးတာကြောင့် ခုခံမှုစနစ်မြင့်မားတာတို့ရှိနိုင်ပါတယ်။

ဥပမာ-ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာအပါအဝင် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်စေနိုင်ပါ တယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းဟာ ခုခံမှုစနစ်ကိုချို့ယွင်းသွားစေနိုင်ပါတယ်။

ဥရောပအစာ(Western type Diet)မှာပြည့်ဝဆီ(Saturated Fat)ကယ်လိုရီမြင့်တဲ့အစာ၊အသား၊အဆီ၊ အဆိမ့်များ တဲ့ အစာလွှမ်းမိုးနေပါတယ်။ အဆိုပါအစာအာဟာရစားမယ့် အစားသစ်သီးနဲ့ဟင်းသီးဟင်းရွက်၊ ပင်လယ်ငါး၊  သံလွင်ဆီ၊ မပြည့်ဝဆီတို့က နာတာရှည်ရောဂါများ ကင်းဝေးစေနိုင်ပါတယ်။

ယခုသုတေသနမှာ ဘယ်အစားအစာကိုစားသောက်ဖို့ ရည်ညွှန်းထားတာမျိုးမဟုတ်ဘဲ၊ ဘယ်လိုအစားအစာက ကောင်းကျိုး၊ ဆိုးကျိုးဘာရှိတယ်ဆိုတာဖော်ပြထားပါတယ်။
အစားအစာမှာ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အခွံမာအစေ့၊ ပင်လယ်ငါးစတဲ့ ပင်လယ်အစားအစာတို့က ရောဂါ လျော့နည်းစေပြီး၊ ကျန်းမာရေးကို တိုးမြှင့်ပေးတဲ့ခုခံမှုစနစ်မြှင့်တင်ပေးနိုင်ပါတယ်။

အဆိုပါအစားအစာကို ဗီတာမင်ဒီ၊ ဇင့်နဲ့ဗီတာမင်စီတို့ ဖြည့်စွက်ပေးနိုင်ရင်၊ ခုခံမှုစနစ်မြင့်မားစေနိုင်ပါတယ်။    အာဟာရချို့တဲ့ခြင်းဆိုရာမှာ လူသားတို့လိုအပ်တဲ့ အာဟာရဓာတ်ပမာဏမရရှိလို့ ရေရှည်ကာလမှာ ခန္ဓာကိုယ်ခုခံမှု စနစ်ပျက်ယွင်းခြင်းတစ်မျိုးပဲဖြစ်တယ်။ သိပ္ပံပညာရှင်တို့က"အစာလည်းဆေး၊ဆေးလည်းအစာ"ဆိုသလို၊ ခုခံမှုစနစ် အားပေးတဲ့ အာဟာရများ ရှာဖွေလာခဲ့ကြတယ်။

ဥပမာ- ရောင်ရမ်းခြင်းလက္ခဏာများလျော့ကျစေလိုလျှင်၊ အချိုလျှော့၊ အဆီလျော့ကာအချဉ်ပိုစားရမယ်။  နျူထရိုဖေး (Neutrophils)၊ဖေဂိုဆိုက်(Phagocytes)ဆဲလ်များ ပုံမှန်ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါများမှလည်း ကာကွယ်နိုင်ပါတယ်။ တွေ့ရှိမှုကို အာဟာရ (Nutrition)ဂျာနယ်မှာ ပုံနှိပ်ဖော်ပြ ထားပါတယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ