နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညအိပ်ရာ၀င်ခါနီးမစားသင့်သော အစားအစာများ

အစားအသောက်ကို လူတိုင်းကြိုက်နှစ်သက်ကြသည်။ သို့သော် ညအိပ်ယာ၀င်ခါနီး အစားအစာများစွာ စားသောက် မိပါက အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းဖြစ်ကာ အိပ်စက်ခြင်းကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အထူး သဖြင့် အောက်ပါအစားအသောက် (၅) မျိုးက အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်၍ သတိပြု ရှောင်ရှား သင့်ပါ သည်။ (၁) အာလူးကြော်များကို ရှောင်ပါ။ အာလူးချောင်းကြော်၊ အာလူးအကြွပ်ကြော်၊ ပြောင်းဖူးပေါက်ပေါက် စသည့် ဆီကြော်အစားအစာများ တွင် ဆီပါ၀င်မှု လွန်စွာများပြားလှပါသည်။ အကယ်၍ ညအိပ်ရာမ၀င်ခင် တီဗွီကြည့်ရင်း ယင်းအစားအစာကို လက်တစ်ဆုပ်စာခန့် စားမိပြီဆိုရုံမျှဖြင့်၊  ကြေညက်စေရန် အတွက် အစာအိမ်ထဲမှာ အချိန် အတော်ကြာ ခြေဖျက်နေရသည်။ ထိုအခါ နံနက်မိုးသောက် အိပ်ရာထချိန်မှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ ခံစားရပါလိမ့်မည်။ (၂) လက်ဖက်ရည်၊ ကော်ဖီနှင့် ကိုလာဖျော်ရည်များကို ရှောင်ပါ။ ကဖိန်းဓာတ်များသည့် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ ပြင်းပြင်းဖြစ်စေ၊ နို့ဓာတ်များသည့် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီပျော့ဖြစ်စေ၊ ကိုလာအချိုရည် ဖြစ်စေ၊ ၄င်းအရည်များထဲရှိ ကဖိန်းဓာတ်များကို ညနေ ၄ နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပေ။ ကဖိန်းဓာတ်က ဦးနှောက်နှင့် အာရုံခံအဖွဲ့အစည်းကို တက်ကြွအောင်လှုံ့ ဆော်ပေးသဖြင့် သင့်ရဲ့အိပ်စက်အနားယူချိန်ကို ဓားပြတိုက်ခံရ တတ်ပါသည်။ (၃) အပူအစပ် အစားအစာများ ရှောင်ပါ။ ပူစပ်သော အစားအစာများကိုစားသုံးပြီးနောက် အစာအိမ်မှ အက်ဆစ်တွေအထွက်များလာပြီး၊ ဘေးထွက်ဆိုးကျိုးအဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်နာ    ဗိုက်အောင့်ခြင်း ဖြစ်ရုံသာမက ညအိပ်ပျော်နေစဉ်အာခြောက်၍ ရေငတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ညစာဟင်းလျာကို အချို(အဖြူထည်) ချက်စားပေးနိုင်လျှင် ပိုသင့်တော်ပါသည်။ (၄) ရေခဲမုန့်၊ သကြားလုံးအပါအ၀င် အချိုအစား အစာများ ရှောင်ပါ။
အချိုကဲထားသော အစားအစာတွေကို နံနက် (သို့မဟုတ်) နေ့လယ်မှာ စားပေးနိုင်ပါသည်။ သို့သော် ညနေစောင်း မှ စ၍ မစားသင့်တော့ပေ။ အဘယ်ကြောင့်ဆိုသော်၄င်းသွားရည်စာ မုန့်အချိုများက ဦးနှောက်ခွန်အားကို ကောင်းမွန် စွာလှုံ့ဆော်ပေးသဖြင့် သွယ်ဝိုက်သောနည်းဖြင့်နှစ်ခြိုက်စွာအိပ်မောကျခြင်း ဇီ၀ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေသည်။ (၅) မူးယစ်အရက်သေစာများ ရှောင်ပါ။ အရက်သောက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားသဖြင့် လူအများစုက အရက်ကို ညအိပ်ရာ၀င်ခါနီးသောက်သင့်ကြောင်း ထင်မှတ်မှားနေကြသည်။ အမှန်စင်စစ် အရက်က အိပ်စက်ခြင်းကို လုံး၀ဖျက်ဆီးပစ်သည်။ သူများအမြင်မှာ အရက်မူး၍ အိပ်ပျော်နေသည်ဟု ထင်ရသော်လည်း ကာယကံရှင်ကမူ အိပ်မက်ဆိုးများ မြင်မက်ခြင်း၊ ကယောင်ကတမ်းပြောဆို အော်ဟစ်ခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည် ဝေဒနာများဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လေ့မရှိပေ။ အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာညအိပ်ရာမ၀င်ခင် ၄ နာရီခန့်အလို ဖြစ်ပါသည် ။ ဥပမာ- ည ၁၀ နာရီ အိပ်ရာ၀င်သူဖြစ်ပါက ညနေ ၆ နာရီ နောက်ပိုင်းမှစ၍ အရက်မသောက်သင့်တော့ပေ။
ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ