နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Dehydrated Skin မဖြစ်အောင် ကာကွယ်နည်း

ဧပြီ  ၁၂
Dehydrated skin က ယာယီဖြစ်တတ်သည့် skin condition တစ်ခုဖြစ်ပြီး အချိန်မရွေး skin type တိုင်းတွင်ဖြစ်စေနိုင်သည်။ Dehydrated skin က ဆောင်းရာသီတွင် ပိုဖြစ်တတ်သည်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် moisture barrier ပျက်စီးပြီး Dehydration ဖြစ်လာရခြင်းဖြစ်သည်။ skin တွင် ရေဓာတ်မလုံလောက်သည့်အခါ တာဝန်အရ အဆီများကို အစားထိုးပြီး ပိုထုတ်ပေးလာသည်။  over ဖြစ်လာသည့် အဆီများက ချွေးပေါက်ထဲပိတ်ပြီး အဆီဖုနှင့် ဝက်ခြံကဲ့သို့ skin ပြသနာများကို ဖြစ်စေတတ်သည်။ မျက်နှာက အဆီပြန်နေချိန် ခြောက်ပြီးတင်းနေတတ်ပြီး အရေးအကြောင်းများလည်း ပိုထင်းလာစေသည်။ ချောမွေ့မှုမရှိဘဲ ခပ်ကြမ်းကြမ်းဖြစ်နေတတ်သည်။
Dehydration ဖြစ်လာသည့်အခါ Damaged ဖြစ်သွားသည့် moisture barrier ကို ပြန်လည်ပြုပြင်ပေးမှသာ အဆင်ပြေမည်ဖြစ်သည်။ အဆိုပါနေရာတွင် အဆီများထွက်ပြီး oil control product များထပ်သုံးမိခြင်းက ပိုဆိုးစေမည်ကိုသတိပြုပေးရမည်။
ထိုသို့ဖြစ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် cleanser နှင့် တစ်နေ့ကိုတစ်ကြိမ်သာ မျက်နှာသစ်ပေးရမည်။ မျက်နှာသစ် ပြီးသည့်အခါ အစိုဓာတ်ထပ်ထိန်းထားနိုင်ရန် Thermal water facial mist များ ဖြန်းပေးရမည်။ Humectant Ingredients ပါသော skincare များကို ရွေးသုံးပေးခြင်းဖြင့် Dehydration ဖြစ်ခြင်းကို ကာကွယ်နိုင်မည်။
(WP)






အခြားဆက်စပ်သတင်းများ