နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုတ်တရက်နှလုံးအတိုက်ခိုက်ခံရခြင်းနှင့်နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရုတ်တရက်အတိုက်ခိုက်ခံရခြင်း ရောဂါဟာကမ္ဘာတစ်ဝန်းလူသေပျောက်မှုအများဆုံးပဲဖြစ်တယ်။ အဆိုပါရောဂါကြောင့် တစ်နှစ်ကိုလူ ၆ ဒသမ ၃ သန်း သေဆုံးနေတယ်။ နှလုံးသွေးကြောကျဉ်းတာဟာ သွေးထဲမှာကိုလက်စထရော အဆိပ်တတ်ခြင်းကြောင့်ပဲဖြစ်တယ်။ အဝလွန်ရောဂါနဲ့ သွေးတိုးရောဂါခံစားနေရသူတို့ရဲ့ သွေးထဲမှာကိုလက်စထရော(Cholesterol)အဆီဓါတ်များ တဖြည်းဖြည်းစုပုံလာရာ သွေးကြောများကျဉ်းလာပြီးသွေးခဲ တစ်ခုကပိတ်ဆို့လိုက်ရာ၊ သွေးယိုစီးခြင်းကိုဖြစ်စေပါတယ်။ ဆံချည်မျှင်သွေးကြောငယ်(Platelets)အတွင်းရှိဖိုင်ဘလင်နိုဂျင်(Fibrinogen)တို့က သွေးခဲစေကာစီးနေတဲ့ သွေးကြောပိတ်ဆို့ရာမှ ရုတ်တရက်နှလုံးအတိုက်ခိုက်ခံရခြင်းဖြစ်တတ်ပါတယ်။
    ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ဟာ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ အဓိက လက္ခဏာဖြစ်တယ်။ လက္ခဏာမပြဘဲနှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ် တယ်။ ကြိုတင်ကာကွယ်နိုင်ပါတယ်။ လူသားတို့နှလုံးသွေးကြောများဟာ တစ်ခုစီသာရှိတယ်။ နှလုံးကခန္ဓာကိုယ် အတွင်း လှည့်ပတ်နေတဲ့ သွေးလွှတ်ကြောသွေးပြန်ကြော ပုံမှန်လည်ပတ်နိုင်ရေးကိုယ့်မှာရှိတဲ့ နှလုံးသွေးကြော ထောက်ပံ့မှုနဲ့ လည်ပတ်စေတယ်။ သွေးထဲအဆီဓာတ်လွန်ကဲရာမှ သွေးကြောပိတ်ဆို့ရင် နှလုံးရဲ့ကြွက်သားမှာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရရှိရေးမဖြစ်နိုင်တော့လို့၊ ရင်ထဲမှာအပြင်းအထန်အောင့်လာပြီး၊ ချွေးများထွက်ကာ၊ ဝဲဘက်လက်မောင်းတစ်ခုလုံး ကိုက်ခဲလာတယ်။ ပိတ်ဆို့နေတဲ့သွေးခဲစကို ဖယ်မထုတ်နိုင်ရင် အသက်သေဆုံးသွား နိုင်ပါတယ်။
ဆေးရုံကိုအချိန်မီရောက်ရှိလာတဲ့ လူနာကိုဆရာဝန်တို့က နှလုံးကြွက်သားအားပြည့်စေတဲ့လီဒိုကင်(Lidocaine)ဆေးထိုးပေးနိုင်တယ်။ နှလုံးမလှုပ်တော့ရင် နှလုံးကိုဆွဲမယ့်စက်နဲ့အချိန်မှန် လှုပ်ရှားစေသင့်ပါတယ်။ ပိတ်ဆို့နေတဲ့ သွေးကြောရှိ ရာနေရာထဲဆေးထိုးပြီး၊ ဓာတ်မှန်ရိုက်ကာရှာဖွေနိုင်ပါတယ်။ ပိတ်ဆို့နေတဲ့သွေးကြောထဲက သွေးခဲစကို ဖယ်ထုတ်နိုင်မှသာ အသက်ရှင်နိုင်မယ်။ ဒါမှမဟုတ်သွေးကြောကို ဖြတ်တောက်ပြီး၊ သွေးကြောနေရာအစားထိုးကာ၊စတင့်(Stand)ထည့်တာပြုလုပ်နိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းနဲ့ ရုတ်တရက်နှလုံးအတိုက်ခိုက်ခံရခြင်း ရောဂါဟာကြိုတင်ကာကွယ်လို့ရပါတယ်။ လူနေမှုဘဝ၊ နေထိုင်မှုပုံစံကို ငယ်ရွယ်စဉ်မှာ လိုက်နာကျင့်သုံးသင့်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ သွေးအတွင်းအဆီဓာတ်များခြင်း၊ အဝလွန်ခြင်းတို့ဟာ အဓိကအကြောင်းရင်းပဲ ဖြစ်ပြီး၊ ရောဂါလက္ခဏာမခံစားရပေမယ့် နှလုံးသွေးကြောကျဉ်း ရှိ၊ မရှိ သိရှိဖို့မှာမူ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသ    တိုင်ပင်ကာ စစ်ဆေးမှုခံယူသင့်ပါတယ်။
ကြိုတင်ကုသခြင်းမှာ ကျဉ်းနေတဲ့သွေးကြောထဲကို သွေးခဲဝင်ရောက်မပိတ်ဆို့ရအောင် စီမံသင့်ပါတယ်။ အက်စပရင် (Aspirin) ဆေးက သွေးခဲစေတဲ့ပလိတ်လက်(Platelets)များ၊ ကင်းဝေးမှုမဖြစ်စေရေး ပလက်စတာဂရန်ဒင် (Plastaglandin) ဓာတ်များ၊ မထွက်အောင် တားဆီးတဲ့နည်းနဲ့ ကာကွယ်စေနိုင်တယ်။
နှလုံးသွေးကြောပိတ်ရောဂါတစ်ကြိမ်ဖြစ်ဖူးရင် အက်စပရင်(Aspirin)၊ ဆေးကို တစ်ရက်ခြားဆေးတစ်လုံးနှုန်းနဲ့ သောက်ပေးပါက၊ နောက်ထပ်တစ်ကြိမ်ဖြစ်ပွားမှုကို ၂၁ ရာခိုင်းနှုန်းနဲ့အထက်၊ သေဆုံးနိုင်မယ့်နှုန်းကို ၁၅ ထိ လျော့ကျ စေနိုင်တယ်ဆိုတယ်။ အက်စပရင်နဲ့ နှလုံးရောဂါဆက်စပ်မှုနဲ့ပတ်သက်ပြီး၊ ဆရာဝန်များက အက်စပရင်(Aspirin)ပေးပြီးစမ်းသပ်ကြည့်ရာ၊ ငါးနှစ်အကြာမှာ အက်စပရင် နေ့စဉ်သောက်သုံးနေတဲ့ လူအုပ်စုမှာနှလုံးရောဂါငါးဦးသာ   ဖြစ်ပြီး၊ သေဆုံးကြောင်းနဲ့အက်စပရင်မသောက်တဲ့သူများ ၁၈ ဦး သေဆုံးမှုနဲ့နှိုင်းယှဉ်နိုင်ပါတယ်။ အက်စပရင်သောက် သူမှာ နှလုံးရောဂါ ၁၀၄ ဦး၊ မသောက်သူရောဂါရှင် ၁၈၉ ဦးရှိတယ်။
အင်စပရင်(Aspirin)ဆေးကိုအစာအိမ်သွေးယိုစိမ့်မှုရောဂါရှိသူများ၊သွေးထွက်လွယ်သူများနဲ့သွေးကင်ဆာဖြစ်သူများမှာသတိနဲ့သောက်သုံးသင့်ပါတယ်။တစ်ရက်ခြားတစ်ပြားနှုန်းသောက်သင့်ပါတယ်။အက်စပရင်ဆေးသောက်နေတဲ့အချိန်မှာဆေးလိပ်ဖြတ်သင့်တယ်။အဆီအဆိမ့်မှီဝဲခြင်းမပြုသင့်ပါဘူး။
နှလုံးရောဂါကင်းဝေးစေဖို့စီးကရက်သောက်သုံးမှုမပြုလုပ်သင့်ပါဘူး။ ကိုလက်စထရော၊ အဆီဓာတ်မတိုးရအောင် အစာရှောင်သင့်ပါတယ်။ သွေးကြောရောဂါ ရှိ၊ မရှိ ကြိုတင်သတိထားသင့်ပါတယ်။ စိတ်ဖိစီးမှုကင်းစေသင့်ပါတယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီထိ လေ့ကျင့်ခန်းတစ်ခုခု၊ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ပြုသင့်ပါတယ်။
သွေးထဲရှိအဆီဓာတ် ကိုလက်စထရော(Cholesterol)ဟာ လူတို့စားသုံးတဲ့အစားအစာမှာပါဝင်တဲ့ အဆီ (Fat)ပဲ ဖြစ်တယ်။ သာမန်လူတစ်ယောက်မှာအဆီဓာတ် ၂၀၀ မီလီဂရမ်သာရှိသင့်ပါတယ်။ လူကိုဒုက္ခပေးတဲ့ ကိုလက်စထရော(LDL- Low Density Lipoprotein)လူကိုအကျိုးပြုကိုလက်စထရော(HDL- High Density Lipoprotein) ဆိုပြီး နှစ်မျိုးရှိပါတယ်။
သွေးအတွင်းအဆီဓါတ်ကိုထိန်းသိမ်းသင့်ပါတယ်။ ပုံမှန် ၁၀၀-၂၀၀ မီလီဂရမ်ရာခိုင်နှုန်းဖြစ်တယ်။ အဝလွန်ခြင်း ရှောင်ကြဉ်သင့်ပါတယ်။ သာမန်ဘီအမ်အိုင် ၁၈ ဒသမ ၉- ၂၄ ဒသမ ၉ အတွင်းရှိသင့်ပါတယ်။ ဘီအမ်အိုင်(BMI - Body Mass Index)ဟာ ကိုယ်အလေးချိန်၊ ကီလိုဂရမ်ကိုအရပ်အမြင့်မီတာ(နှစ်ထပ်ကိန်း)နဲ့စားလို့ရတဲ့ ရလဒ်ဖြစ်ကာ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။ ချိုလွန်း၊ ငန်လွန်း၊ အဆီစားလွန်း၊ လှုပ်ရှားမှုနည်းလွန်းခြင်းရှောင်သင့်ပါတယ်။ ဆီးချို ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ ပုံမှန်ဆီးချိုအမှတ်မှာ ၇၅-၁၇၅ ‌မီလီဂရမ်ရာခိုင်နှုန်းရှိပါတယ်။ နှလုံးနဲ့သွေးကြောရောဂါများမှ ကာကွယ်ဖို့သွေးပေါင်ချိန်ပုံမှန်ထိန်းထားသင့်ပါတယ်။ သွေးတိုးရောဂါဆိုတာဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်အပေါ်သွေး ၁၄၀ မီလီမီတာပြဒါးနဲ့အောင်သွေး ၉၀ မီလီမီတာပြဒါးထက်ကျော်လွန်တဲ့သွေးပေါင်ချိန်တိုင်းကိုဆိုလိုပါတယ်။ စိတ်ဖိစီးမှု၊စိတ်လှုပ်ရှားမှုထိန်းထားသင့်သလို၊ ဘာသာတရားလိုက်စားသင့်ပါတယ်။
သွေးထဲမှ၊ ကိုလက်စထရောပမာဏ(LDL)မြင့်သူများ ကုသပေးသင့်ပါတယ်။ နေ့စဉ် စားသုံးနေတဲ့ ကိုလက်စထရော ၃၀၀ မီလီဂရမ်ထက်မကျော်အောင် သတိထားစားသင့်တယ်။ အစားရှောင်သင့်တယ်။ ကြက်ဥအနှစ်တစ်လုံးမှာ ၂၅၀ မီလီဂရမ် ကိုလက်စထရောပါဝင်ကာ၊ အသား၊ အဆီ၊ ဝက်ဆီ၊ ဆီအုန်း၊ နှစ်ခါပြန်ကြော်ဆီများ ရှောင်ကြဉ်သင့်သလိုအုန်းနို့နဲ့လုပ်တဲ့မုန့်များလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဆေးလိပ်၊ ကွမ်းယာ၊ အရက်တို့ဟာ လူတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေလို့၊ စွဲလမ်းနေရင်ဖြတ်သင့်ပါတယ်။ ကိုလက်စထရောတက်ခြင်း၊ အဆီများခြင်း၊ သွေးကြောပိတ်ကာ ရုတ်တရက်နှလုံး တိုက်ခိုက်ခံရခြင်း၊ ရုတ်တရက်   ဦးနှောက် တိုက်ခိုက်ခံရခြင်းတို့မှာလူကိုမသေစေနိုင်သေးရင် ကာလရှည်မစွမ်းမသန်ဘဝနဲ့ တစ်သက်သာမှီခိုသူဘဝဖြစ်သွားတတ်လို့ဆင်ခြင်သင့်ပါတယ်။
လူသားတို့နေထိုင်မှုပုံစံစနစ်(Life style)မှာအထိုင်များလာတာနဲ့အမျှ၊ အဆီအစိမ့်၊ ပြန်ကြော်ဆီနဲ့ပြုလုပ်ထားတဲ့ အသင့်အမြန်စားအစာ(Snaps)များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) များပြားလာစေကာ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက်နှလုံးအတိုက်ခိုက်ခံရခြင်း၊  ပိုမိုဖြစ်စေနိုင်လို့ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်အိမ်မှာချက်စားပြုစားသင့်ပါတယ်။    ။                   ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ