နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်

ဧပြီ   ၁၁

ရယ်မောခြင်းသည် သွေးဖိအားကိုလျော့ကျစေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်သည့်အပြင် ခန္ဓာကိုယ် ခုခံအားစနစ် ကိုလည်း တွန်းအားပေးသည့်အတွက် ကိုယ်တွင်းလမ်းလျှောက် လေ့ကျင့်ခန်းဟု ခေါ်ဆိုနိုင်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်၊ လိုမာလင်ဒါတက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ သိရသည်။

အဆိုပါလေ့လာမှုတွင် ပါဝင်သူများကို ဟာသကားများ မိနစ် ၂၀ ကြာကြည့်ခိုင်းပြီးနောက် ယင်းတို့မှာ စိတ်ဖိစီး မှု ဟော်မုန်း၊ သွေးဖိအားနှင့် ကိုလက်စထရောများ သိသိသာသာ ကျဆင်းလာခြင်းကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ရယ်မောခြင်းသည် နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့် နည်းလမ်း တစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းများ လုပ်ရန်မလွယ်သည့် အသက်အရွယ်ကြီးမြင့် သူများတွင် ရယ်မောခြင်းသည် အရေးပါကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ