နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးတိုးရောဂါနှင့် အစားအစာ ( Hypertension and Dlet)

ရန်ကုန်   ဧပြီ  ၉

သွေးကြောနံရံတွေမှာ သွေးဖိအားပုံမှန်ထက်များခြင်းကို သွေးတိုးခြင်း (Hypertensin) လို့ခေါ်တယ်။ နှလုံးက ပုံမှန်ထက် အလုပ်ပိုလုပ်ရလို့ သွေးကြောတွေကလည်း ဖိအားဒဏ်ပိုခံရကာ နှလုံးရောဂါဖြစ်စေခြင်းရဲ့ အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်။ ဆရာဝန်က သွေးတိုးဆိုတာ သွေးကြောအတွင်း ဖိအားများခြင်းကို ခေါ်ကြောင်းပြောပါတယ်။
သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ လက်မောင်းမှာ ပတ်ပြီးတိုင်းတာနိုင်ပါတယ်။ တိုင်းတာလို့ရတဲ့ ဖိအားဟာ သွေးကြောထဲရှိ ဖိအားနဲ့ အတူတူဖြစ်လို့ သွေးကြောရှိဖိအားကို သိရှိနိုင်ပါတယ်။ တိုင်းတာရာမှာ အပေါ် သွေးပေါင်ချိန်နဲ့ အောက်သွေးပေါင်ချိန်နဲ့ ဖော်ပြလေ့ရှိပါတယ်။ သွေးတိုးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (WHO)အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ဘယ်နေရာ ဘယ်အချိန်ခါမဆို တိုင်းတာလို့ အပေါ်သွေး ၁၄၀ ၊ အောက်သွေး ၉၀ မီလီ မီတာပြဒါးထက် ပိုမိုတဲ့အခြေအနေအားလုံးကို သွေးတိုးလို့သတ်မှတ်ပါတယ်။ နှလုံးညှစ်ချိန်သွေးကြောထဲရှိ အမြင့်ဆုံးဖိအား (Systolic pressure) နဲ့ နှလုံးမညှစ်ပဲနားနေစဉ် သွေးကြောထဲရှိ အနိမ့်ဆုံးဖိအား (Diastolic pressure) အနိမ့်ဆုံးဖိအားတို့ဖြစ်တယ်။

သွေးတိုးနဲ့ နောက်ဆက်တွဲရောဂါမရှိရင် သွေးတိုးမခံစားရပါဘူး။ သွေးပေါင်တအားတက်ပါက ခေါင်းကိုက်ခေါင်းမူးခြင်း၊ အမြင်အာရုံ မကောင်းခြင်းတို့ဖြစ်တတ်တယ်။ သွေးတိုးရောဂါဟာ နှလုံးမှ သွေးကြောဆိုင်ရာ ရောဂါစုကြောင့် အသက်ဆုံးရှုံးမှုအများဆုံးဖြစ်တယ်။ နှလုံးနှင့်သွေးကြောရောဂါစုတွေဟာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်းတို့ဖြစ်တယ်။ နှလုံးနှင့်သွေးကြောရောဂါစုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါနဲ့ သွေးအတွင်း အဆီဓာတ် ပုံမှန်မဟုတ်ခြင်းတို့ဖြစ်ကြတယ်။ သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၊ သေဆုံးခြင်းထိဖြစ်နိုင်လို့ အရေးကြီးလှပါတယ်။

သွေးတိုးရောဂါ (Hypertensin) ဘာကြောင့်ဖြစ်သလဲ အတိအကျမသိပဲ၊ သွေးတိုးရောဂါ (Essential Hypertensin) လို့ ဆရာဝန်တွေ ခေါ်ကြတယ်။ အကြောင်းခြင်းရာမသိပေမယ့် လွှမ်းမိုးနေတဲ့ အခြေအနေထိ ရှိတယ်။ သွေးတိုးမျိုးရိုးရှိသူ၊ ဆီးချို၊ သွေးချိုရှိသူ၊ ကျန်းမာတဲ့လူနေမှုဘဝမရှိသူများ၊ အရက်ဘီယာအလွန် အကျွံသောက်သူများ၊ စိတ်ဖီစီးမှုများသူများဖြစ်ကြတယ်။ အချို့လူနာ အနည်းစုမှာ သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းရင်းရှိတတ်ပါတယ်။ စတီးရွိုက် (Streoid)စားဆေးအမြဲသုံးနေရတဲ့ အက်စအယ်အီး (SLE)ရောဂါရှင်များနဲ့ ကျောက်ကပ်ရောင် (Nephrotic Syndrome) ရောဂါရှင်တွေမှာ သွေးတိုးရှိတတ်သည်။ ဒီလို အကြောင်းအရင်းရှိ သွေးတိုးရောဂါကို ဒုတိယအမျိုးအစားသွေးတိုး (Secondary hypertensin)လို့ခေါ်တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ သွေးပေါင်ချိန်အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ မီလီမီတာ ပြဒါးထက်များတဲ့ အခြေအနေမျိုးကို သွေးတိုးဟုသတ်မှတ်ပါတယ်။ သွေးပေါင်ချိန် (၁၄၀/၈၀) မီလီမီတာပြဒါး ရှိခဲ့ရင်၊ နှလုံးသွေးကြောရောဂါစုရှိနေရင်၊ ရောဂါစုများဖြစ်နိုင်ခြေများနေရင်  သွေးတိုးရှိနိုင်ပါတယ်။
သုတေသနတွေ့ရှိချက်တို့အရ ကျန်းမာတဲ့လူနေမှုပုံစံကသာ သွေးတိုးလျော့ချနိုင်ပါတယ်။ ဝိတ်ချခြင်း၊ ဆားအပါအဝင်အငန်လျော့စားခြင်း၊ အရက်ဘီယာကို ကျန်းမာရေးသတ်မှတ်ချက်အရ လျော့သောက်ခြင်း၊ ပုံမှန်နေ့စဉ် နာရီဝက်မှ တစ်နာရီအားကစားလုပ်ခြင်း၊ ဥပမာလမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ အပြေး၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကသာ လူနေမှုပုံစံမှန်ကန်တဲ့ အနေအထားသတ်မှတ်နိုင်တယ်။ ဘယ်သူမဆို ခန္ဓာကိုယ်အချိုးအဆ(ဘီအမ်အိုင်) (၁၈.၉-၂၄.၉) အတွင်း ရှိရပါမယ်။

ဘီအမ်အိုင်ဆိုတာ အလေးချိန် (ကီလိုဂရမ်)ကို အရပ်အမြင့် မီတာနှစ်ထပ်ကိန်းနဲ့ စားလို့ရတဲ့ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် လျှော့ချဖိုလိုအပ်ပါတယ်။
သွေးကျဆေးအမျိုးမျိုးရှိတယ် သွေးပေါင်ချိန် (၁၂၀/၈၀) မီလီမီတာပြဒါးမှာ ထိန်းထားနိုင်လောက်တဲ့ ဆေးသောက်သင့်ပါတယ်။ ဆရာဝန်နဲ့ပြသကာ စနစ်တကျဆေးညွှန်းရယူသင့်ပါတယ်။ နောက်ဆုံးတွေ့ရှိတဲ့ သွေးပေါင် ချိန်ဆေးက သွေးပေါင်ထိန်းဆေး နှစ်မျိုး တွဲဖက်အသုံးပြုတဲ့ဆေးဝါးမျိုးဖြစ်ပါတယ်။

ဆီးရွှင်ဆေး (Dirutics)။ ကျောက်ကပ်ထဲက ပိုလျှံနေတဲ့ အရည်တွေဖယ်ထုတ်ပေးနိုင်ကာ သွေးကြောတွေရဲ့ ခုခံအားကို လျှော့ချပေးနိုင်တယ်။
အမောက်ဒီဖင်း (Amodaphines 5) ။ ယခင်က ကယ်လဆီယမ် ဘလော့ဂါဆေးဝါးများ ညွှန်ခဲ့ရာမှ ယနေ့မှာ အမောက်ဒါဖင်တို့နဲ့ တွဲဖက်ပေးလာကြပါတယ်။ သွေးကြောကျယ်စေတဲ့ဆေး (Ace inhigitor) နဲ့ ဆီးရွှင်ဆေး (Dirutics) တို့ တွဲဖက်ပေးခြင်းက ဆေးနှစ်မျိုး ဘေးထွက်ဆိုးကျိုးလျော့ကျရုံမက ထိန်းထားနိုင်တယ်။

ဓာတ်စာ ရှိသင့်တာထက်ပိုပြီး သွေးပေါင်ချိန်များနေရင် သွေးလွှတ်ကြောတွေမှာ ဖိအားများလာတယ်။ သွေးလွှတ် ကြောတွေရဲ့ ချောမွေ့တဲ့ နံရံတွေဟာ ကြမ်းတမ်းထူထဲလာတယ်။ သွေးကြောတွေ ကျဉ်းမြောင်းလာပြီး ကျုံ့နိုင်ဆန့် နိုင်အား လျော့နည်းလာတယ်။ သွေးလွှတ်ကြောရဲ့ အတွင်းဘက်မှာ အဆီစုပုံခြင်းကို လျော့နည်းစေသင့်တဲ့ အစားအစာ တွေ စားသောက်ဖို့အရေးကြီးပါတယ်။ ဆားအလွန်စားသုံးသူ၊ အချိုမှုန့်စားသူတွေ သွေးတိုးရှိတယ်။
သွေးကြောကျဉ်းခြင်းကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝတဲ့ အစာတွေစားသုံးပေးသင့် ပါတယ်။ ဘီကာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဆယ်လီနီယမ်သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ် တယ်။  လတ်ဆတ်တဲ့ သစ်သီး၊  ဟင်းသီးဟင်းရွက်စားသုံးသင့်သလို၊  ဂျုံစေ့အဆန်၊ အခွံမာသီးနဲ့ အစေ့တွေက ဗီတာမင်အီးကြွယ်ဝပါတယ်။ အဆိုပါ အစားအစာတွေထဲက ငါးမျိုးကို နေ့တိုင်းစားပေးသင့်ပါတယ်။

အခြားအရေးကြီးတဲ့ အစားအစာအုပ်စုက အဆီများတဲ့ငါး၊ ဆယ်လမွန်၊ တူနာ၊ မက်ကရင်၊ ဆာဒင်ပင်လယ်ငါးတွေမှာ အိုမီဂါ (၃)၊ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် သွေးတိုးရောဂါသက်သာစေပါတယ်။ သွေးဖိအားကို လျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော (LDL-Low density lipoprotein) ကိုလည်း သန့်စေစေပါတယ်။ သွေးခဲ စေနိုင်မယ့် အစားအစာလျှော့ချပေးတယ်။ အကောင်းဆုံး အသင့်လျော်ဆုံးအစားအစာကတော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များများနဲ့ ခေါက်ဆွဲကြော်၊ ထမင်းနဲ့ပေါင်မုန့်စားသင့်တယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့ နွားနို့၊ နို့ထွက်ပစ္စည်း၊ ကိတ်၊ ဘီစကစ်၊ ဥများ၊ မာဂျရင်တွေ လျှော့စားသင့်ပါတယ်။

ချက်ပြုတ်ရာမှာဖြစ်စေ၊ စားသောက်ရာမှဖြစ်စေ၊ အစားအစာထဲဆား၊ အငန်၊ အချို့မှုန့် ထပ်မထည့်သင့်ပါဘူး။ ဆား ပါတဲ့ အစားအသောက်နဲ့ မုန့်တွေအတတ်နိုင်ဆုံး လျှော့စားရမယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲအူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်စားနယ်ခြောက်၊ အာလူးချောင်းကြော်နဲ့ ဆားထည့်ထားတဲ့ အခွံမာအသီးတွေ၊ သနပ်တွေလျော့ စားရတယ်။ စွပ်ပြုတ်ဆော့စ်နဲ့ အသင့်အမြန်စားအစာ ''စနပ် (snap)''တွေမှာ ဆင်းဒဝစ်၊ ပီစာ၊ ဟမ်ဘာဂါ၊ အာလူး ချောင်းကြော်တွေမှာ ဆားနဲ့အချိုမှုန့်ပိုများလို့ ရှောင်သင့်ပါတယ်။ ဖီးကြမ်းငှက်ပျောသီး စားပေးသင့်တယ်။ ငှက်ပျောသီး မှာ ပိုတက်ဆီယမ် ကြွယ်ဝလို့ ခန္ဓာကိုယ်ရှိ ဆားဓာတ်ဖယ်ရှားပေးနိုင်ပါတယ်။    ။

(ဒေါက်တာလွင်သန့်)






အခြားဆက်စပ်သတင်းများ