နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆစ်အမြစ်ရောင်နာခြင်းကို မှန်ကန်စွာ ရွေးချယ်စားသောက်မှုဖြင့် လျှော့ချနိုင်

ဧပြီ   ၁၀

ရံဖန်ရံခါထိမိခိုက်မိခြင်းကြောင့် ဖြစ်ပွားသော အရိုး၊ အကြော၊ အဆစ်များ နာကျင်ခြင်း၊ ရောင်ကိုင်းခြင်း တို့သည် အချိန်အခိုက်အတန့်ကြာပြီးလျှင် သက်သာပျောက်ကင်းသွားလေ့ရှိသော်လည်း နာတာရှည်ဝေဒနာ အဖြစ် ခံစားရလေ့ရှိသော အဆစ်အမြစ်ရောင်နာခြင်း၊ လေးဘက်နာခြင်း အစရှိသည်တို့ကို ကာလရှည်ကြာ ခံစားရလျှင် ခန္ဓာကိုယ်တွင် ပြန်လည်ပြုပြင်မရနိုင်သည့် ချို့ယွင်းမှုများဖြစ်ပွားတတ်ခြင်းကို အစားအစာ မှန်ကန်စွာရွေးချယ်စားသောက်ခြင်းဖြင့် လျှော့ချနိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။

ထိုကဲ့သို့ရောင်နာခြင်းသည် နာတာရှည်ဖြစ်ပွားနေလျှင် ခန္ဓာကိုယ်တွင် သေရာပါ ချို့ယွင်းမှုများ ပါသွားနိုင် ကြောင်း၊ ထိုကဲ့သို့မဖြစ်ပွားအောင် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်စားသောက်ခြင်းဖြင့် လျှော့ချနိုင်ပြီး ကာကွယ်သည့်အဆင့်သို့ပင် ရောက်ရှိသွားနိုင်ကြောင်း သိရသည်။ ရွေးချယ်စားသုံးသင့်သည်များအနက် လိမ္မော်ရည်သည် ထိပ်ဆုံးက ပါဝင်ကြောင်း၊ အဆစ်အမြစ်ရောင်နာကို ကုစားရာတွင် လိမ္မော်ဓာတ် ၁၀၀ ရာခိုင်နှုန်းပါဝင်သော ဖျော်ရည်တစ်ခွက်သည် ရောင်ကိုင်းနာကျင်ခြင်းကို လျှော့ချပေးနိုင်ကြောင်း၊ လိမ္မော်ရည် နှင့် ရေကို ဆတူရောကာ သကြားဖြည့်စွက်သောက်သုံးပေးခြင်းဖြင့်လည်း နှလုံးကျန်းမာရေးကိုကောင်းမွန်စေ နိုင်ပြီး သွေးလည်ပတ်စီးဆင်းအားကို တိုးတက်စေကာ ဘက်စုံကျန်းမာရေးကိုလည်း တိုးတက်စေနိုင်မည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် သံလွင်ဆီကို ဟင်းချက်ရာတွင်အသုံးပြုခြင်း၊ ဟင်းသီးဟင်းရွက် ကြော်လှော်ချက်ပြုတ်ရာတွင် အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ကျန်းမာသည့်အဆီကို ရရှိမည်ဖြစ်သည့်အတွက် အဆစ် အမြစ်ရောင်နာကို သက်သာစေနိုင်ကြောင်း သိရသည်။ ထပ်မံစားသုံးသင့်သည်တို့မှာ ဘလူးဘယ်ရီသီး၊ အစေ့စားသီး၊ အရွက်စိမ်းများ၊ ခရမ်းချဉ်သီး အစရှိသည်တို့ကို ဖောဖောသီသီ စားပေးခြင်းဖြင့်လည်း အဆစ်အမြစ်ရောင်နာကို လျှော့ချခြင်း၊ ကာကွယ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် နာတာရှည် အဆစ်အမြစ်ရောင်နာခြင်း၊ ခါးနာ ခါးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း အစရှိသည်တို့ကို ခံစားနေရသူများ အနေဖြင့် ဖော်ပြပါအစားအစာများကို လုံလောက်ပြည့်ဝအောင် စားပေးသင့်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ