နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီမံကိန်းများ ချမှတ်ဆောင်ရွက်

ဧပြီ  ၉
ယနေ့ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ဆင်းရဲငတ်မွတ်မှုတိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ကို တွေ့ရပေသည်။ ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ခုနှစ်တွင် ကိုးဘီလီယံမှတစ်ဆယ်ဘီလီယံအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်များက ခန့်မှန်းထား ကြသည်။ ကမ္ဘာ့လူဦးရေသည် ယနေ့ကမ္ဘာကြီးတွင် ရှစ်ဘီလီယံကျော်ရောက်ရှိနေပြီဖြစ်သည်။ ယနေ့ကမ္ဘာ တစ်ဝန်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ဆင်းရဲငတ်မွတ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ကို တွေ့ရပေသည်။ နှစ်စဉ်တိုးပွားလျက်ရှိသည့် ကမ္ဘာ့လူဦးရေသည်          စားနပ်ရိက္ခာလိုအပ်ချက်မလုံလောက်မှုပြဿနာများ အစဉ်ခြိမ်းခြောက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို နိုင်ငံတော်အစိုးရက ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသများဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ ကွဲပြားသော ရေမြေရာသီဥတုအခြေအနေများအရ အထွက် ကောင်း၍ အရည်အသွေးမြင့်မားသော မျိုးသစ်များမွေးမြူထုတ်လုပ်ပေးခြင်း၊ ဒေသအလိုက်အကျိုးအမြတ် အများဆုံးရရှိမည့် သီးနှံပုံစံနှင့် စိုက်ပျိုးနည်းစနစ်များကို သုတေသနပြုဖော်ထုတ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲ မှုနှင့် စိုက်ပျိုးထုတ်လုပ်သူများနှင့် ဈေးကွက်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လက်တွေ့အသုံးချ သုတေသနများကို ဆောင်ရွက်လျက်ရှိသည်။
စားနပ်ရိက္ခာဖူလုံရေးအတွက် အာဟာရပြည့်ဝစေမည့် သီးနှံမျိုးများ၊ ပြောင်းလဲနေသောရာသီဥတုနှင့် လိုက်လျောညီမည့်သီးနှံမျိုးများ၊ စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာနှင့် ရေအသုံးချရေးသုတေသနလုပ်ငန်းများ၊ လယ်ယာစီးပွားဆိုင်ရာသုတေသနများ၊ ဇီဝနည်းပညာဆိုင်ရာ၊ သီးနှံပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မျိုးစေ့သက်ရှိမျိုးဗီဇကွဲများ၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို စိုက်ပျိုး ရေးသုတေသနဦးစီးဌာနက ၁၉၅၄ ခုနှစ်မှ ယနေ့အထိ စပါးမျိုး ၉၁ မျိုး၊ သီးနှံမျိုးသစ် ၂၅၃ မျိုးထုတ်လုပ်ပြီး စိုက်ပျိုးပညာပေးရေးဌာနခွဲက တောင်သူများလက်ဝယ်အရောက်ဖြန့်ချိပေးလျက်ရှိသည်။ လယ်ယာကဏ္ဍ သည် အရေးပါသောလုပ်ငန်းဖြစ်ပြီး နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်ဖွံ့ဖြိုးအောင် ဖော်ဆောင်ပေးနိုင်စွမ်းရှိပေ သည်။ လူ့သက်တမ်းစေ့သက်ရှည်ကျန်းမာစွာ စားသောက်နေထိုင်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေရှည် တည်တံ့ခိုင်မြဲသောလယ်ယာကဏ္ဍစနစ်ထူထောင်ရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့ဘောင်ဘဝကြီး            ထွန်းတောက်သာယာလှပအောင်ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ