နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာလူးဖျော်ရည် နေ့စဉ်သောက်သုံးပေးခြင်းဖြင့် အစာမကြေခြင်းရောဂါကို သက်သာပျောက်ကင်းနိုင်

ဧပြီ   ၉

အာလူးဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် အစာမကြေခြင်းရောဂါကို သက်သာပျောက်ကင်းစေနိုင် သည်ဟု လေ့လာဆန်းစစ်မှုအသစ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ အာလူးဖျော်ရည် ရက်သတ္တပတ်ကြာ သောက်သုံးပြီးနောက် နာတာရှည် အစာမကြေရောဂါခံစားနေရသူ ၁၀ ဦးတွင် ၈ ဦးမှာ အကျိုးကျေးဇူးခံစားရ ကြောင်း သိရသည်။
လေ့လာဆန်းစစ်သူများက အစာမကြေရောဂါ ခံစားနေရသူ ၄၀ ဦးအား အာလူးဖျော်ရည် ၁၀၀ မီလီလီတာကို နံနက်စာ မစားမီတစ်ဝက်နှင့် ညအိပ်ရာမဝင်မီ တစ်ဝက် သောက်သုံးစေခဲ့ရာ လူနာသုံးပုံနှစ်ပုံမှာ တိုးတက်မှု ရှိလာပြီး ထက်ဝက်ခန့် အကျိုးကျေးဇူးခံစားရကာ ရာခိုင်နှုန်း ၂၀ မှာ လုံးဝသက်သာ ပျောက်ကင်းကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းသည် အာလူးတွင်ပါဝင်သော အယ်ကာလွိုက် ဒြပ်ပေါင်းကြောင့် အကျိုးသက်ရောက်မှုရှိခြင်းဖြစ်သည်ဟု ဂျာမနီနှင့် သြစတြေးလျတက္ကသိုလ်များမှ သုတေသနအဖွဲ့က ဖော်ပြခဲ့ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ