နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိတောက်ပန်းများတက်၍ခူးစဉ်ဓာတ်လိုက်၍သေဆုံး

မန္တလေး ဧပြီ ၈

မန္တလေးမြို့တွင်မဟာသင်္ကြန်အကြို ပိတောက်ပန်းများဖူးပွင့်လျက်ရှိရာ ဧပြီ ၇  ရက်နံနက်ပိုင်းက   အောင်မြေသာစံ မြို့နယ် ၁၇ လမ်းနှင့် ၈၈ လမ်းထောင့်ရှိ ပိတောက်ပင်တွင် လူငယ်တစ်ဦးပိတောက်ပန်းများ သစ်ပင်ပေါ်တက်ရောက် ခူးစဉ်ပိတောက်ကိုင်းနှင့် ၂၃၀ ကေဗွီဓာတ်အားလိုင်းကြိုးတို့ထိမိပြီး လျှပ်စစ်စီးဝင်ကာဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။      ဓာတ်လိုက်သူအားလူမှုကူညီရေးအဖွဲ့က ကယ်ဆယ်ပြီးဆေးရုံသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။
ပိတောက်ဖူးသောလ၊ သစ်ရွက်နုသောလများတွင် လျှပ်စစ်ဓာတ်တိုင်၊လျှပ်စစ်လိုင်းကြိုးအနီးတွင် တက်ရောက်၍ ပန်းခူးခြင်း၊ ဟင်းရွက်ခူးခြင်းများဆင်ခြင်ကြရန်နှင့် လျှပ်စစ်လိုင်းကြိုးတိုင်းတွင် ဓာတ်အားရှိကြောင်းမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ အသိပေးထားသည်။           
    
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ