နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧပြီလဆန်းပိုင်းအတွင်းဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းအနည်းငယ်မြင့်တက်

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်မြို့တွင် ယခင်လထက်ယာဉ်အသွားအလာနည်းသော်လည်း  နေ့စဉ်သုံးစွဲနေသောဓာတ်ဆီ၊ ဒီဇယ်ဈေး နှုန်းမှာ ဧပြီလ ပထမပတ်အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရသည်။

ပြည်တွင်းအသုံးပြုရန်ဆီဆိုင်များကရောင်းချပေးနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းမှာ တိုင်းဒေသကြီးတစ်ခုနှင့် တစ်ခုတူညီမှုမရှိသော်လည်း ရန်ကုန်ဈေးကွက်ပေါ်မူတည်၍ အဓိကဖြန့်ချိရောင်းချလျက်ရှိရာ ရန်ကုန်ဈေးကွက် ဈေးနှုန်းမြင့်တက်ပါက ကျန်သောဒေသများလည်း ကုန်ပစ္စည်းလိုအပ်ချက်နှင့်အညီဈေးတက်လေ့ရှိသည်။ ဧပြီ ၂ ရက်နေ့က 92 အော့တိန်းတစ်လီတာလျှင်ကျပ် ၈၂၀၊ 95 အော့တိန်းတစ်လီတာလျှင်ကျပ် ၉၄၀ ကျပ်၊ ပရီမီယံဒီဇယ်    တစ်လီတာလျင်ကျပ် ၈၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျင် ၈၆၀ ကျပ် ဈေးပေါက်ခဲ့ပြီး ဧပြီ ၇ ရက်နေ့တွင် 92 အော့တိန်း တစ်လီတာကျပ် ၈၆၀၊ 95 အော့တိန်း ၉၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၈၉၀ ကျပ်နှင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် အနည်းငယ်ဈေး တက်လျက်ရှိသည်။

မြန်မာပြည်တွင် ရန်ကုန်တိုင်းဒေသကြီးမှာ စက်သုံးဆီအသုံးပြုမှုများသောဒေသဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ကဲ့သို့ ဆိုင်ကယ်သုံးစွဲမှုနှစ်စဉ်များလာသောကြောင့် သဘာဝဓာတ်ငွေ့သုံးစွဲမှုများလာခြင်းဖြစ်ပြီး ကုန်စည်စီးဆင်း ရာနှင့်ပြန်လည်ဖြန့်ချိရာ၌ စီးပွားရေးအချက်အချာကျရာမြို့ဖြစ်သောကြောင့် စက်သုံးယာဉ်တို့အတွက် သဘာဝဓာတ်ငွေ့ နေ့စဉ်လိုအပ်ချက်ရှိခြင်းဖြစ်သည်။ COVID-19 ရောဂါစတင်ကြုံတွေ့ရသော ၂၀၂၀-ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ရုတ်တရက်စက်သုံးဆီဈေးနှုန်းထိုးကျခဲ့ပြီး တစ်ပတ်အတွင်း 92 အော့တိန်းတစ်လီတာလျှင် ကျပ်၂၀၀ ကျော်မှ ကျပ် ၃၀၀ ခန့်ထိကျဆင်းသွားရာ စက်သုံးဆီရောင်းချသောဆိုင်များ စီးပွားရေးအခက်အခဲ ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားသော ဩဂုတ် ၁၆ ရက်နေ့မှစ၍ ရန်ကုန်မြို့အပါအဝင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြန်လည်ဦးမော့ခဲ့ရာ  ဖေဖော်ဝါရီလကုန်ပိုင်းတွင်း အမြင့်ဆုံးဈေးသို့ရောက်ရှိခဲ့ရာမှ မတ်လနှင့် ဧပြီလတို့တွင်                  ဓာတ်ဆီ၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၈၀၀၊ ၉၀၀ ကျော်မှပြန်မဆင်းခဲ့ပဲ မတ်လပထမပတ်အတွင်းကျပ်၂၀ မှကျပ် ၅၀ ထိ ဈေးတက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင်းဈေးနှုန်းထက် မြို့နယ်များဈေးနှုန်းနှင့်အနားသတ်မြို့နယ်များ       ဈေးနှုန်းတို့က ကျပ် ၃၀ မှ ကျပ် ၆၀ ထိဈေးနှုန်းထိမြင့်တက်လေ့ရှိပြီး မြို့နယ်များအလိုက်ဈေးနှုန်းမှာလည်း ဆီဆိုင် တစ်ဆိုင်နှင့်တစ်ဆိုင် ပျမ်းမျှအားဖြင့်ဈေးနှုန်းမတူညီသည့်အတွက် ဈေးနှုန်းမှန်ကန်သောဆီဆိုင်များ အရောင်းအဝယ် ကောင်းလျက်ရှိသည်။ အချို့မြို့နယ်တို့တွင် ဆီဆိုင်ရှားပါးမှုကြောင့် ဓာတ်ဆီ၊ ဒီဇယ်ဆီအမြင့်ဈေးဖြင့် ဝယ်ယူသုံးစွဲ လျက်ရှိပြီး ယခုလပထမပတ်၌ ရန်ကုန်မြို့တွင် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရသည်။  
                                                                                                                         
- (၁၁၂)






အခြားဆက်စပ်သတင်းများ