နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင် ခုတင် ၇၀၀ တပ်မတော်ဆေးရုံကြီးသို့ ရွှေမန်းတံခွန်ပရဟိတအသင်းမှ ဒုတိယအကြိမ်စုပေါင်းသွေးလှူဒါန်း

မန္တလေး ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခုတင် ၇၀၀ တပ်မတော်ဆေးရုံကြီးတွင် လာရောက်ဆေး ကုသမှုခံယူ နေသောပြည်သူများ၏ သွေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန်နှင့် ခွဲစိတ်လူနာများနှင့် အခြားသွေးသွင်းလူနာကုသရေးလုပ်ငန်းများတွင်လိုအပ်လျက်ရှိသောသွေးများ ရရှိစေရေးအတွက် ဧပြီ ၇ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်တပ်မတော်ဆေးရုံကြီးတွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ပ.လ.ကရပ်ကွက် ရွှေမန်းတံခွန် ပရဟိတလူမှုကူညီရေးအသင်းနှင့်စေတနာသွေးလှူရှင်များက ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့သွေးလှူဒါန်းနိုင်ရေးအတွက် တပ်မတော်ဆေးရုံမှဆေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင် ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများဆောင်ရွက်ပေးပြီး စုပေါင်းသွေးလှူဒါန်းရာ ပြင်ဦးလွင်တပ်မတော်ဆေးရုံမှ ဆေးမှူးများနှင့်တာဝန်ရှိသူများက ကြည့်ရှု့အားပေးကြပြီးသွေးလှူဒါန်းသူများကို အားဖြည့်စားစရာများပေးအပ်ခဲ့ပြီး         ပြင်ဦးလွင်မြို့ နှလုံးလှကြယ်စင်သွေးအလှူရှင်အသင်းနှင့် တောင်ပေါ်ဂေါ်ရခါးမိသားစုများက စတော်ဘယ်ရီ ဖျော်ရည်များ စတုဒီသာတိုက်ကျွေးကြသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ