မန္တလေး ဧပြီ ၈
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ညည-၂၆ တွင် မတ် ၂၈ ရက်၊ နံနက် ၁ နာရီ ၄၅ မိနစ် ခန့်က မီးလောင်မှုတွင်ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြသည့် မန္တလေးခရိုင်မီးသတ်ဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ် မီးသတ် ဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်မြရည်နန္ဒာ အရန်မီးသတ်စခန်း၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာန၊ သင်ပန်းကုန်းရပ်ကွက် အရန်မီးသတ်စခန်း၊ (ဃ)ရပ်ကွက်အရန်မီးသတ် စခန်း၊ (စ)ရပ်ကွက် အရန်မီးသတ်စခန်း၊ တံခွန်တိုင်ရပ်ကွက် အရန်မီးသတ်စခန်းတို့ကို ဧပြီ ၇ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့နေFood@Mandalay မိသားစုက စခန်း(၁)ခု ဂုဏ်ပြုငွေကျပ်(၁)သိန်းစီအားလာရောက်လှူဒါန်းရာမီးသတ် စခန်းမှူးများကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
မောင်ပြည်သူ(မန္တလေး)