နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းချီ၊ ပန်းပု ပြပွဲနှင့် ရောင်းချပွဲကို လာမည့်မေလအတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်

ရန်ကုန် ဧပြီ ၈

ပန်းချီရေးဆွဲခြင်းနှင့် ပန်းပုထုဆစ်ခြင်း  သရုပ်ပြမှုများ ပါ၀င်သော  ပန်းချီ၊ ပန်းပု ပြပွဲနှင့် ရောင်းချပွဲကို လာမည့် မေလအတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်မြန်မာ အနုပညာလက်ရာကုမ္ပဏီလီမိတက်မှ သိရသည်။

အဆိုပါ ပန်းချီ၊ ပန်းပု ပြပွဲနှင့် ရောင်းချပွဲတွင် ပန်းချီရေးဆွဲခြင်းနှင့် ပန်းပုထုဆစ်ခြင်းများ လက်တွေ့ သရုပ်ပြရာ၌ ပါ၀င်ဆောင်ရွက်ကြမည့် ပန်းချီ၊ ပန်းပု ပညာရှင်များနှင့် ကိုယ်ဟန်ပြမယ်များကို မကြာမီတွင် ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း၊ ၎င်းပြပွဲနှင့် ရောင်းချပွဲ ကျင်းပမည့်နေရာအတွက် ရန်ကုန်မြို့ရှိ ဆရာစံပလာဇာနှင့် အမျိုးသား ပြတိုက်တို့ကို လျာထားပြီး အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာမှ ထပ်မံအသိပေး ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုပွဲဖြစ်မြောက်ရေးအတွက် တော်ဝင်မြန်မာ၊ မြန်မာ့အလှ၊ ပိတောက်မြေနှင့် Corner 26 စသည့် မြန်မာ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး ယင်းလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသော ပန်းချီ၊ ပန်းပု ပညာရှင်များက ပါ၀င်ကူညီကာ လက်တွေ့သရုပ်ပြကြမည်ဖြစ်သည်။
အဆိုပါ ပန်းချီ၊ ပန်းပု ပြပွဲနှင့် ရောင်းချပွဲသို့ ပြည်သူများ လာရောက်ကြည့်ရှု လေ့လာနိုင်စေရန်အတွက် အနည်းဆုံး ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပန်ုးပု၊ ပန်းချီပညာရှင် ၁၅ ဦးခန့်က လက်တွေ့သရုပ်ပြကြမည်ဖြစ်ကြောင်း သိရ သည်။   
                   
(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ