နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်းက စပါးကစားသမား ဆွန်ဟောင်မင်ကို ခေါ်ယူရန် ပြင်ဆင်

ဧပြီ  ၈

ဘိုင်ယန်မြူးနစ်အသင်းသည် စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ စပါးအသင်းသည် ဆွန်ဟောင်မင်ကို စာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပြီး ယင်းကို အသင်းတွင် ကာလရှည်ထိန်း သိမ်းသွားနိုင်ရေးအတွက် မြင့်မားသည့်လုပ်ခလစာဖြင့် ကမ်းလှမ်းသွားရန် စီစဉ်လျက် ရှိသည်။ သို့သော် ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိဘောလုံးရာသီတွင် တိုက်စစ်ပိုင်း အင်အားဖြည့်တင်း သွားရန် စီစဉ်နေပြီး ဆွန်ဟောင်မင်ကို အဓိက ပစ်မှတ်ထားနေကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဆွန်ဟောင်မင်ကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၀၀,၀၀၀ ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေပြီး လက်ရှိဘောလုံးရာသီမကုန်မီ အကြိုသဘောတူညီမှုရရှိရန် ကြိုးပမ်းနေကာ ငါးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းသွားမည်ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် စပါးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းက ယင်းကို ခေါ်ယူနိုင်ရေးအတွက် အရှိန်မြှင့်ကြိုးစားနေခြင်းဖြစ်သည်။ဆွန်ဟောင်မင်သည် လက်ရှိဘောလုံးရာသီတွင် စပါးအသင်းအတွက် သွင်းဂိုး ၁၈ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ပေးထားသည်။  
                      (သူရိန်)






အခြားဆက်စပ်သတင်းများ