နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ ပထမဆုံးပွဲစဉ်နှစ်ပွဲရဲ့ ထူးခြားအချက်အလက်များ

ဧပြီ  ၈

မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်(၂)ပွဲအတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ပြိုင်ဘက်အသင်းရဲ့ ဧရိယာအတွင်းမှာ ဘောလုံးထိချက်ပေါင်း (၁၄)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့တာကြောင့် အသင်း(၄)သင်းအနက် ပြိုင်ဘက် ဧရိယာအတွင်း ဘောလုံးထိချက်အနည်းဆုံးအသင်း ဖြစ်ခဲ့ရပါတယ်။ ဒေါ့မွန်အသင်းရဲ့ ကစားသမား မာကိုရွိုက်စ်က မနေ့ညက မန်စီးတီးအသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)ကနေ (၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အထိ ပေးဂိုးဆက်တိုက်မရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်မှတ်တမ်းကောင်းတစ်ခု ရပ်တန့်သွားခဲ့ပြီး ၂၀၀၅-၂၀၀၆ ဘောလုံးရာသီက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပိုင်ဆိုင်ခဲ့တဲ့ (၉၉၅)မိနစ်ကြာ ဆက်တိုက်ဂိုးမပေးခဲ့ရတဲ့ စံချိန်ကိုလည်း အမှီမလိုက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်း သူပါဝင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သွင်းဂိုးတွေကို ဆက်တိုက် ရယူနိုင်ခဲ့ပေမယ့် သူဖခင်ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်တွေ့ဆုံရချိန်မှာတော့ သူရဲ့ချန်ပီယံလိဂ် သွင်းဂိုးက ရပ်တန့်သွားခဲ့ပြီး ဂိုးဖန်တီးမှုသာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်း ဘက်ကို သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီသွင်းဂိုးဟာ သူရဲ့ကစားသမားဘဝတလျှောက် ရီးရဲလ်အသင်းကို စတင်သွင်းယူ နိုင်ခဲ့တဲ့ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ