နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေရောင်းလိုသူများ အဆင်ပြေစေရန်အတွက် ရန်ကုန်ရွှေဈေးကွက်ကို မေ ၁၆ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်

ရန်ကုန်     မေ    ၁၆

ရွှေရောင်းလိုသူများ အဆင်ပြေစေရန်အတွက် ရန်ကုန်ရွှေဈေးကွက်ကို မေ ၁၆ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်မှုကာလအတွင်း ပြည်တွင်း၌ ရွှေဈေးကွက်များ ပိတ်ထား ခဲ့ခြင်းကြောင့် ငွေကြေးအခက်အခဲရှိသဖြင့် ရွှေရောင်းလိုသူများအနေနှင့် အခက်အခဲများကြုံတွေ့ကြရပြီး မေ ၁၆ ရက်မှစ၍ ရွှေဈေးကွက်ပြန်ဖွင့်လိုက်သည်နှင့် ရွှေဆိုင်များလည်း ပြန်လည်ဖွင့်လှစ်ကာ ရွှေအရောင်းအဝယ်များ လုပ်ကိုင်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ရန်ကုန်ရွှေဈေးကွက်အား ပြန်လည်ဖွင့်လှစ်ရာတွင် သက်ဆိုင်ရာမှထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် ရန်ကုန် ရွှေဈေးကွက်ကို ယခု ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၉ ရက်မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန် ရွှေဈေးကွက်နှင့်အတူ မန္တလေးရွှေဈေးကွက်ကိုလည်း မေ ၁၆ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပြည်တွင်း၌ ရွှေရောင်းချလိုသူများပြားနေပြီး ဝယ်လိုအားနည်းနေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေပေါက်ဈေးအောက် လျော့နည်းနေသည့်အတွက် ရွှေရောင်းလိုသူများအနေနှင့် နစ်နာမှုများရှိနိုင်ကြောင်း ပြည်တွင်းမှ စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။                  

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ