နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်းတို့မှ ယာဉ်လိုင်းဂိတ် စုစုပေါင်း ၃၅၀ ကျော် နေ့စဉ်ပုံမှန်ပြေးဆွဲပေးမည်

ရန်ကုန်  ဧပြီ  ၇

တန်ခူးလ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့မှ မြန်မာနိုင်ငံအရပ်ရပ်သို့ သွားရောက်ကြမည့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနအောက်ရှိ မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့မှ ခရီးသည်တင်ယာဉ် လိုင်းဂိတ်စုစုပေါင်း ၃၅၀ ကျော်တို့သည် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်းကို စခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

“အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှာ ကိုဗစ် -၁၉ မတိုင်ခင်က ခရီးသည်တင်ယာဉ်လိုင်း ဂိတ်ပေါင်း ၂၆၀ ကျော်ရှိပါတယ်၊ ကိုဗစ် -၁၉ ရောဂါကြောင့် ခရီးသွားလာမှုနည်းပါးတာကြောင့် အချို့သော ဂိတ်များမှာ ရပ်နားထားပါတယ်။ ဒါပေမဲ့ ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ပြေးဆွဲနေသော ယာဉ်လိုင်းများကိုကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ခုံများကို နှစ်ခုံတစ်ယောက်နှုန်းဖြင့် သတ်မှတ်ပြေးဆွဲ ပေးပါတယ်၊ ယာဉ်လိုင်းပိုင်ရှင်များ နစ်နာမှုမရှိစေရန်အတွက် ခရီးသည်နှင့်ကုန်ပစ္စည်းများကိုလည်း ပူးတွဲ တင်ဆောင်ခွင့်ပြုပေးပါတယ်။ မကြာမီရောက်ရှိတော့မည့် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရပ်နားထားသောယာဉ်လိုင်းများလည်း ဒီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်လာတာကိုတွေ့ရတာကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန်ကြမည့်ခရီးသည်များ အဆင်ပြေနိုင်ပါတယ်” ဟု အဆိုပါ ငန်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ယာဉ်လိုင်းများသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက် ပိုင်းတို့ကို နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့ကို ခရီးသွားပြည်သူများ သွားလာမှုအပေါ်မူတည်၍ ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်မြို့များသို့ လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်းမှ ယာဉ်လိုင်ဂိတ်ပေါင်း ၉၀ ကျော်တို့ကလည်း ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရှိသည်။

စောရွှေဂွန်






အခြားဆက်စပ်သတင်းများ