နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်အတွင်းရေမြောင်းများရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်

ရန်ကုန် ဧပြီ ၇
    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာစီမံခန့်ခွဲမှု ဌာနနှင့် မြို့ပြပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက ရန်ကုန်မြို့တော် အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် မိုးမကျမီ ဆောင်ရွက်လျက်ရှိသည်။
    ယနေ့နံနက်ပိုင်းက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှလုပ်သားများက ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်၊ လသာမြို့နယ်၊ ကမ်းနားလမ်း(ညဈေးတန်းဘက်အခြမ်း) ၂၁လမ်းနှင့် လမ်း၂၀ကြား နှင့် စမ်းချောင်းမြို့နယ်၊ ဘူတာရုံလမ်း (ဗားကရာလမ်း နှင့် ဘူတာရုံလမ်းကြား) ရေမြောင်းများရှိမြောင်းချေးများအား ယာဉ်ယန္တရား များဖြင့် ရှင်းလင်းဆယ်ယူခြင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဝါးခယ်မလမ်းနှင့် ရွှေလောင်းလမ်းကြားမြောင်းဖုံး ကျောက်ပြားခင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် ကမာရွတ်မြို့နယ် (၃)ရပ်ကွက် ဝင်းသော်တာလမ်းရေမြောင်းပိတ်ဆို့နေမှုအား မြို့ပြပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများကရှင်းလင်း ဆောင်ရွက်ခဲ့ ကြောင်းလည်းသိရသည်။

                                (မိုးမြင့်မောင်)






အခြားဆက်စပ်သတင်းများ