နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တည်ငြိမ်အေးချမ်းရေးကိုနှောင့်ယှက်လိုသူများ၏လုပ်ရပ်ကြောင့်လမ်းများပိတ်ဆို့ထားခြင်းနှင့်အစိုးရဆန့်ကျင်စာသားများရှင်းလင်း

ရန်ကုန် ဧပြီ ၇   
ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလိုသူများက အများပြည်သူ သွားလမ်းများပေါ်တွင် လမ်းပိတ်အတားအဆီးများ ပြုလုပ်ထားခြင်းအား၊ ပြည်သူများစိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ယန္တရားများ၊ မြေသယ်ယာဉ်များ အသုံးပြုကာ ဖယ်ရှားရှင်းလင်းခြင်းနှင့် လမ်းများနှင့် ကားမှတ်တိုင်များ တွင် အစိုးရဆန့်ကျင်စာ တန်းများဆေးဖြင့်ရေးဆွဲထားခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် စည်ပင်သာယာဝန်ထမ်းများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက် ရှိသည်။
    ထိုသို့ ရှင်းလင်းရာတွင် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၄ရပ်ကွက်၊ ယုဇနဉယျာဉ် မြို့တော်အိမ်ရာ၊ အေ (၁၀) (၁၁) (၁၂) (၁၃) (၁၄) (၁၅)လမ်းများရှိ သဲအိတ်များ၊ ဝါးကပ်များ၊ ကြည့်မြင်တိုင်းမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ သဲအိတ်များ၊ တာယာ အဟောင်းများ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်း၊ ပုဂံလမ်း၊ အမှတ်(၅၆) ရပ်ကွက်နှင့် (၁၀၄)ရပ်ကွက် အတွင်းလမ်းများရှိ၊ ဝါးလုံးများ၊ ဝါးကပ်များ၊ သဲအိတ်များ၊ တာယာအဟောင်းများ၊ တောင်ဉက္ကလာပမြို့နယ် သံသုမာလမ်း၊ သုမင်္ဂလာလမ်းရှိသစ်ကိုင်း များ၊ သစ်ရွက်အမှိုက်များ၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ၊ တာယာအဟောင်း များကို သိမ်းဆည်းရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်း၊ ဂျိုးဖြူလမ်း၊ မြယာကုန်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ဒေါ်သိန်းတင်လမ်းတို့တွင် ဆေးဖြင့်ရေးဆွဲ ထားသည့် အစိုးရဆန့်ကျင်သည့် စာတန်းများကိုလည်းကောင်း၊ ဒဂုံမြို့နယ် ကမ္ဘာအေးဘုရား လမ်း၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် ဆေးမှုတ်ရေးဆွဲထားသည့် သွေးမတိတ်ဆေးသပိတ် လှုပ်ရှားမှုစာတန်းအားလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ် လှော်ကားလမ်း၊ မောင်းမကန်ကမ်းသာလမ်း၊ စည်ပင်လမ်း၊ ပုဂံလမ်း၊ မြိတ်လမ်း၊ ပြည်ထောင်စုလမ်းနှင့် လမ်းသွယ်များပေါ်တွင် ရေးဆွဲထားသည့် ဆန့်ကျင်စာတန်းများ အားလည်းကောင်း၊ မြောက်ဉက္ကလာပမြို့နယ်သုနန္ဒာလမ်း၊ ပုဂံလမ်း၊ အင်းဝလမ်းမများပေါ်တွင် ရေးဆွဲထားသည့် ဆန့်ကျင်စာတန်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များပေါ်တွင် ဆေးမှုတ်ဖျက်ဆီးထားမှုများနှင့် ဗိုလ်တထောင်မြို့နယ် ကားမှတ်တိုင်များတွင် ဆေးမှုတ်ရေးသားထား မှုများအား၊ စည်ပင်သာယာဝန်ထမ်းများက   ဖျက်သိမ်း ရှင်းလင်းခဲ့ကြောင်းသိရသည်။

                                    (ကျော်သူထက်)






အခြားဆက်စပ်သတင်းများ