နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်နေသော ခေတ်

ဧပြီ  ၇
၂၁ ရာစုခေတ်ကြီးသည် အရာရာ နေ့ချင်း၊ ညချင်း တိုးတက်ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက်မှု မြန်ဆန်ရခြင်း အဓိက အကြောင်းအရင်းမှာ ကမ္ဘာအရပ်ရပ်တို့တွင် ပြိုင်ဆိုင်မှု ကြီးထွားလာခြင်း ကြောင့် ဖြစ်သည်။ လောက၌ ကောင်းသော ပြိုင်ဆိုင်မှုတိုင်းသည် တိုးတက်ကြကုန်၏။ အကောင်းကို ယှဉ်ပြိုင်သော အရာဟူသမျှသည် အကောင်းကို ဖြစ်စေ၏။ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားခြင်းကို ဖြစ် နိုင်၏။ နိုင်ငံတစ်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်း လူမှုစီးပွားဘဝတိုးတက်လာရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်း များစွ, အထောက်အကူပြု လျက်ရှိပေသည်။ ယနေ့ခေတ်တွင် ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင်သူများကို အကျိုးဖြစ်စေသည်မဟုတ်။ ပြည်သူ လူထုကိုလည်း ကောင်းစေ၏။ သို့သော် ပြိုင်ဆိုင်တုပခြင်းကို အတွေးသစ်၊ အကြံသစ်တို့ဖြင့်သာ ကောင်းမွန် အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြိုင်ဆိုင်တုပခြင်းသည် အတုအဆင့်၌သာရှိ၍ အစစ်ဖြစ်မလာနိုင်ပါ။ အခြေခံအတုကို အကြောင်းပြု၍ ကိုယ်ပိုင်ဖန်တီးမှ အစစ်ဖြစ်လာနိုင်သည်။ ရှိရင်းစွဲကို အခြေခံပြီး ပိုမိုကောင်း မွန်အောင် ပြန်လည်မွမ်းမံရသည်။ ပြိုင်ဆိုင်တုပခြင်းတွင် တီထွင်မွမ်းမံခြင်းမရှိပါက အစစ်ဖြစ်မလာ နိုင်တော့ပါ။
နယ်ပယ်တစ်ခုတွင် သုတေသနရလဒ်တစ်ခုသည် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်ပေသည်။ သုတေသန ရလဒ်ဆိုသည်မှာ သဘာဝတရားတွင် တိမ်မြုပ်နေသော စွမ်းရည်တစ်ခုကို လူသားအကျိုးပြုဖြစ်လာအောင် စွမ်းဆောင်ခြင်းပင်ဖြစ်သည်။ ၎င်းအပေါ် ဆင့်ကာ ဆင့်ကာ သုတေသနပြုခြင်းဖြင့် လူ့လောကသည် အံ့ဩ  ဖွယ် ပြောင်းလဲသွားနိုင်ပေသည်။ ၂၈ ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) နှင့်  နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တို့၌ Online စနစ် Virtual Conference ဖြင့် ဧပြီ  ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည်။ ဆေးပညာရပ်ဆိုင်ရာ နီးနှောဖလှယ်ပွဲ ပထမနေ့ တွင် ဆေးပညာရပ်ဆိုင်ရာများနှင့် သုတေသနစာတမ်းများအပြင် ဆေးဝါးပညာ၊ သူနာပြုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ဆေးပညာ၊ ဓာတ်မှန်ပညာစသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း (၁၄) စောင်ကို လည်းကောင်း ဧပြီ ၆ ရက်တွင် ရောဂါဗေဒ၊ ကလေးကျန်းမာရေးပညာ၊ သူနာပြုပညာ၊ ကာယကုဆေးပညာ၊ အရိုးရောဂါကုပညာ၊ ဆေးဝါးဗေဒ၊ ဥပဒေရေးရာဆေးပညာ၊ အဏုဇီဝဗေဒ၊ ဆေးပညာ၊ သွားဆေးကုပညာ၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ခွဲစိတ်ပညာဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ၄၆ စောင် တင်သွင်းခဲ့ရာ ပါရဂူ ဆေးမှူး၊ သူနာပြု(အရာရှိ)၊ သူနာပြု ၄၅၃ ဦး နှင့် နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးချက်များ၊ ရှင်းလင်းဖတ်ကြားမှုများ၊ စာတမ်းများသည် ကောင်းသော ပြိုင်ဆိုင်မှုများဖြစ်သဖြင့် ပညာရပ်နယ်ပယ်တွင် တိုးတက်မှုများကို မြှင့်တင်ပေးသည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ