နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေအမျိုးအစားဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နိုင်ပါက အာလူးစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာနိုင်

ရန်ကုန်  ဧပြီ   ၇

အာလူးစိုက်ပျိုးရန်သင့်မသင့် မြေအမျိုးအစားဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်နိုင်ပါက ပြည်တွင်းရှိ အာလူး စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာနိုင်ကြောင်း ပြည်တွင်းရှိအာလူးစိုက်တောင်သူများထံမှ သိရသည်။

ယခုအခါ အာလူးမျိုးကောင်းမျိုးသန့်ရရှိစေရန် နယ်သာလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အာလူးမျိုးများကို ပြည်တွင်းသို့ တင်သွင်းစိုက်ပျိုးလာကြပြီး ထိုသို့ မျိုးကောင်းမျိုးသန့်ရရှိရန်အပြင် စိုက်ပျိုးမြေကောင်းရန်လည်း လိုအပ်ကြောင်း သိရသည်။
ပြည်တွင်းရှိတောင်သူများ ထွန်ယက်စိုက်ပျိုးနေကြသော လယ်ယာမြေများထဲတွင် အချို့ဒေသများ၌ အာလူးတစ်ကြိမ်စိုက်ပျိုးပြီးလျှင် နောက်တစ်ကြိမ် အာလူးပင်များထပ်စိုက်ရန် မသင့်လျော်သော မြေအမျိုး အစားများရှိကြောင်း၊ တချို့နိုင်ငံများတွင် အာလူးပင်များစိုက်ပျိုးသောအခါ စိုက်ပျိုးမည့်မြေများကို စနစ်တကျ ဓာတ်ခွဲစမ်းသပ်ကာ စိုက်ပျိုးရန်သင့်မသင့်ဆုံးဖြတ်ပြီးမှ စိုက်ပျိုးလေ့ရှိကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒေသအလိုက်၊ ရာသီဥတုအလိုက် အာလူးပင်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး ထိုသို့စိုက်ပျိုးရာတွင် ရောဂါပိုးကျရောက်မှုနှင့်ပတ်သက်၍လည်း အထူးဂရုစိုက်ရကြောင်း၊ အာလူးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပါက အာလူးစိုက်ဧက ၁ ဧကအတွက် စိုက်ပျိုးစရိတ်မှာ အလုပ်သမားခ၊ ပိုးသတ်ဆေးဖိုးအပါအဝင် ငွေကျပ်သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။            

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ