နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီတာမင်ဘီဓာတ် ပြည့်ဝစွာစားသုံးသူများ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

ဧပြီ   ၇

ဗီတာမင်ဘီဓာတ် ပြည့်ဝစွာ စားသုံးသူများအနေဖြင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း ဥရောပသုတေသီများက အကြံပြုတင်ပြထားသည်။
ဗီတာတာမင်ဘီ-၆ နှင့် အမိုင်နိုအက်စစ်ဓာတ် ကြွယ်ဝသူများသည် အဆုတ်ကင်ဆာဖြစ်ပွားမှုကို ထက်ဝက်လျော့ကျစေနိုင်ကြောင်း လူဦးရေ ၄၀၀,၀၀၀ အား သုတေသပြု ဆန်းစစ်လေ့လာရာမှ သိရသည်။

ဗီတာမင်ဓာတ်ကြွယ်ဝစေရန်အတွက် လူတို့အနေဖြင့် ပဲအမျိုးမျိုး၊ ငါး သို့မဟုတ် အသားတစ်မျိုးမျိုးကို စားသုံးပေးသင့်ကြောင်း၊ ဆေးလိပ်သောက်သုံးမှုကိုရှောင်ကြဉ်ပါက ပို၍အဆုတ်ကင်ဆာဖြစ်ပွားမှုမှာ ကာကွယ် ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာအသင်းဂျာနယ်၌ ဖော်ပြထားသည်။
ဥရောပ ၁၀ နိုင်ငံ၌ လွန်ခဲ့သော ၈ နှစ်က ဗီတာမင်ဘီဓာတ်ကြွယ်ဝစွာ စားသုံးသူများနှင့် မစားသုံးသူများကို နှိုင်းယှဉ်လေ့လာခဲ့ရာ ဗီတာမင်ဘီဓာတ်ကြွယ်ဝစွာစားသုံးသူ အများစုမှာအဆုတ်ကင်ဆာဖြစ်ပွားမှု နည်းပါး စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ