နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The Good Nurse ရုပ်ရှင်ဇာတ်ကားတွင် မင်းသား အင်နမ်ဒီအဆိုမူဂါ ပါဝင်သရုပ်ဆောင်မည်

ဧပြီ   ၇

Netflix ရုပ်ရှင်ကုမ္ပဏီ၏ The Good Nurse အမည်ရှိ ထိတ်လန့်သည်းဖိုဇာတ်ကားသစ်တွင် မင်းသား အင်နမ်ဒီအဆိုမူဂါ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားတွင် မင်းသားအဆိုမူဂါသည် မင်းသမီးဂျက်ဆီကာချက်စတိန်း၊ မင်းသား အက်ဒီရက်မေနီတို့နှင့်အတူ သရုပ်ဆောင်ရမည်ဖြစ်သည်။
The Good Nurse ဇာတ်ကားသည် သမိုင်းတစ်လျှောက် အထင်ရှားဆုံး လူသတ်သမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော ချာလီကူလန်းအမည်ရှိ သူနာပြုတစ်ဦး၏ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သည်။

အဆိုပါဇာတ်ကားတွင် သူနာပြု ချာလီကူလန်းအဖြစ် မင်းသား အက်ဒီရက်မေနီက သရုပ်ဆောင်မည်ဖြစ်ပြီး မင်းသားအဆိုမူဂါက လူနာများ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရသည့် ရဲစုံထောက်တစ်ဦးအဖြစ် သရုပ်ဆောင် ရမည်ဖြစ်သည်။
စာရေးဆရာ ချားဂရေဘာ၏ The Good Nurse အမည်ရှိ စာအုပ်ကို မှီငြမ်းထားသည့် အဆိုပါ ဇာတ်ကားကို ဒိန်းမတ်စာရေးဆရာနှင့် ဒါရိုက်တာ တိုဘီးမားလင်ကွန်းက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးမည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ