နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရိုးရာမဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေး

ဧပြီ  ၄
၁၃၈၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ကိုဗစ် ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၂ ရက်က တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
မြန်မာတို့၏ အစည်ကားဆုံ၊ အပျော်ရွှင်ဆုံးဆင်နွဲကြသော မဟာင်္ကြန်ပွဲတော်ကာလမှာ မကြာမီကျရောက် တော့မည်ဖြစ်ရာ သက်ဆိုင်ရာများက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်္ကြန်ကို ချစ်မြတ်နိုးသော ပြည်သူများကလည်း သင်္ကြန်ပွဲတော်ကိုနွှဲပျော်ရန် ကြိုဆိုလျက်ရှိနေကြပြီ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ၁၃၈၁ ခုနှစ် မဟာင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်သူများ စိတ်ချမ်းမြေ့စွာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနိုင်ရန် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လူဦးရေ ၅၀ ထက်ပိုမိုစုဝေးခြင်းမပြုဘဲ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ရှေးနှစ်ပေါင်းများစွာကလည်း မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်  အစဉ်အလာများနှင့်အညီ ရည်ရွယ်ချက်ဖြင့် ကောင်းမွန်စွာ ကျင်းပလာခဲ့သည့် ပွဲတော်လည်း ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်ပွဲတော်၏ ရည်ရွယ်ချက်များနှင့်အညီ စည်ကားပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာ တို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ဆန့်ကျင်သော ပြုမူပြောဆိုဆောင်ရွက်မှုများကို ရှောင်ရှားကြရမည် ဖြစ်သည်။
၁၃၈၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်         ဆန့်ကျင်သော ဝတ်စားဆင်ယင်ခြင်း၊ နေထိုင်ပြုမူခြင်းများ၊ သူတစ်ပါးအား ထိခိုက်အနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်မေည့် ကြမ်းတမ်းသည့် ရေကစားမှုများ၊ ထိပါးနှောင့်ယှက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာပျက်ပြားစေပြီး အကြည်ညိုပျက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ် ထိုးခြင်း၊ သီဆိုခြင်းများ အများပြည်သူအေးချမ်းသာယာစွာ သင်္ကြန်ပွဲတော်ဆင်နွဲခြင်းကို ထိပါးစေပြီး            တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အပြု၊ အမူ၊ အပြော၊ အဆို၊ လှုပ်ရှားမှုများနှင့် ဆူပူမှု ဖြစ်ပေါ်အောင် လှုံ့ဆော်ဖန်တီးသော လှုပ်ရှားမှုများ မဖြစ်ပေါ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေး ကြီးကြပ်ကွပ်ကဲစီမံသွား မည်ဟု သိရပေသည်။ မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ရေး၊ ဖြစ်ပွားသော မှုခင်းများ နေ့ချင်းပြီး တရားစွဲရမည့်အမှုများ ဆောင်ရွက်ရေး တရားရုံး၊ ဥပဒေရုံးများ ဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာနှစ်ဆန်းတစ်ရက်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများ၊ ဘေးမဲ့လွှတ်ပွဲများ ဆောင်ရွက်ကြရာ ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ရိုးရာမပျက် ဆင်နွှဲခြင်းဖြင့် မိမိတို့၏ ဂုဏ်ကို ဖော်ထုတ်ပြသရာလည်း ဖြစ်ပေရာ ပြည်သူအပေါင်း ပူးပေါင်းပါဝင်ခြင်းဖြင့် ဆင်နွှဲစေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ