နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပညာနှင့် ဖက်ရှင်ကို ပေါင်းစပ်ပြီး Vivo V19 သည် ဈေးကွက်ဦးဆောင်နေသည့် Selfie စွမ်းရည်နှင့် အံ့သြဖွယ်ဒီဇိုင်းများဖြင့် ထုတ်လုပ်

ရန်ကုန်   မေ  ၁၅

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော Vivo မှ ယင်း၏    V19 ဖုန်းအသစ်ကို ပြည်တွင်းဈေးကွက်၌ မေ ၁၅ တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ V 19 ၏ထူးခြားချက်အနေဖြင့် dual front 32MP +  8MP Super wide-angle ကင်မရာနှင့် AMOLED FHD + Ultra O မျက်နှာပြင် ဒီဇိုင်းတို့ပါဝင်ပြီး ထူးကဲသော Selfie စွမ်းရည်များ၊ အဆင့်မြင့်နည်း ပညာများနှင့် သုံးစွဲသူများအတွက် ဆန်းသစ်သော အသွင်အပြင်ကို ပေးစွမ်းနိုင်သည်။ V19  အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မေ  ၈ ရက် ညနေ ၆ နာရီက Vivo Myanmar Facebook Page စာမျက်နှာမှ တစ်ဆင့် တင်ဆက်ခဲ့ပြီး Vivo သုံးစွဲသူများကလည်း Live Stream Video ကို ဖော်ပြပါ link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

V19 တွင် အရှေ့ဘက်ကင်မရာနှစ်လုံး အနေဖြင့် 32 MP ပင်မကင်မရာနှင့် 8MP အထူးမြင်ကွင်းကျယ် ကင်မရာတို့ပါရှိသည့်အတွက် အသုံးပြုသူများအတွက် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အကောင်းဆုံး Selfie ကို ပေးစွမ်းနိုင်သည်။ အသက်ဝင်သော ရိုက်ချက်များအတွက် အနီးမြင်ကွင်းနှင့် နောက်ခံမြင်ကွင်းကြား အချိုးအစားကို ကောင်းမွန်စွာ ချိန်ညှိပေးနိုင်သည့် AI algorithm ပါဝင်သော ရှေ့ကင်မရာသည် wide-angle selfie ကို 105 degrees အထိ ရိုက်ကူးနိုင်သည်။  ထို့အပြင် Ultra-Stable Selfie Video ပါဝင်သည့်အတွက် မြင်ကွင်းကျယ် selfie ဗီဒီယိုများကို တည်ငြိမ်စွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။
Vivo ၏ V 19 သည် ကျပ် ၅၇၉,၈၀ဝ ဖြစ်၍ မြန်မာနိုင်ငံအတွက် ပထမဆုံးရောင်းချမှုကို မေ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး မေ  ၁၆ ရက်မှ စတင်ဝယ်ယူသူများအား လက်ဆောင်အနေဖြင့် 10,000 mAh ပါရှိသည့် Power Bank ကိုပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။       

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ