နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးဦးလေဦး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်

ဧပြီ  ၃
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအဖြစ်များနေသော ကာလဖြစ်သည်။ လူ့ပယောဂ ကြောင့်ဖြစ်သော ဘေးများကို မဖြစ်ပေါ်အောင်တားဆီး၍ရကောင်းရမည်ဖြစ်သောလည်း သဘာဝပယောဂ ကြောင့်ဖြစ်သော ဘေးများအဖြစ်များလာပြီး ဘေးကြောင့် လူ့အသက်၊ အိုးအိမ်စည်းစိမ်များ၊ အခြေခံ အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုများလည်း ပိုမိုများပြားလျက်ရှိသည်။ သဘာဝ ဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ဧပြီ ၂ ရက် ညနေ ၅ နာရီခွဲတိုင်းတာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့ မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၇၀ ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၂၄၀ ခန့်နှင့် ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားနိုင်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး  ဌာနမှ အသိပေးစထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာသွန်း ခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် လိုအပ်သည်။ ယင်း  မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး       ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နည်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း  တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျစဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု အသိပေးထားသည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ   အန္တရာယ်ဖြစ်နိုင်ချေလျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့် ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်မှုလျှော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ် သည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရပ်ရွာလူထုအနေဖြင့် ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ