နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် စားနပ်ရိက္ခာ နှစ်လစာ အခမဲ့ ဝေငှပေးမည်

မေ  ၁၅၊  နယူးဒေလီ

COVID-19 ပိတ်ဆို့မှု၏ ရိုက်ခတ်မှုကို တွန်းလှန်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၆၆ ဘီလျံ တန်ကြေးရှိသည့် စီးပွားရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနိုင်ငံတွင်  ရွှေ့ပြောင်းလုပ်သားများကို စားနပ်ရိက္ခာ နှစ်လစာ ပေးဝေသွားမည်ဟု ကြေညာထားသည်။
ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် အမေရိကန်ဒေါ်လာ ၄၆၃ သန်း တန်ကြေးရှိသည့် ဆန်များ ဝေငှပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဆီသာရာမန်က ပြောသည်။ မြို့ကြီးများတွင် အလုပ်လက်မဲ့ဖြစ်ခဲ့သည့် ရွှေ့ပြောင်းလုပ်သား ထောင်သောင်းများစွာမှာ ကိုယ့်ရပ်ကိုယ်ရွာကို လမ်းလျှောက်ပြန်နေကြသည်။

မြို့ကြီးများ၏ စီးပွားရေးလုပ်ငန်းများတွင် အဓိကကျောရိုးဖြစ်သည့် ရွှေ့ပြောင်းလုပ်သားများမှာ ပိတ်ဆို့မှုကြောင့် အစာရေစာ ငတ်ပြတ်မည်ကို စိုးရိမ်ပူပန်နေကြသည်။ ရက်ပေါင်းများစွာကြာ အစာ မစားရ၊ ရေမသောက်ရဘဲ ကိုယ့်ရပ်ကိုယ်ရွာကို လမ်းလျှောက်ပြန်နေကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေကို အိန္ဒိယနိုင်ငံတစ်ဝန်းက ဒေါသထွက်ခဲ့ကြသည်။ ပိတ်ဆို့မှုကြောင့် ရထားနှင့် ဘတ်စ်ကား ပြေးဆွဲမှုများကို ရပ်နားခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူများ၏ဖိအားပေးမှုကြောင့် ရွှေ့ပြောင်းလုပ်သားများအတွက် ကား၊ ရထားများကို ပြန်လည်ပြေးဆွဲပေးနေသည်။ သို့သော်  ရွှေ့ပြောင်းလုပ်သားများမှာ ခရီးစရိတ် တတ်နိုင်ခြင်း မရှိပေ။ ခရီးစရိတ် တတ်နိုင်ပါကလည်း လူတစ်ဦးနှင့် တစ်ဦး ခပ်ဝေးဝေးနေခိုင်းသည့် စည်းမျဉ်းများကြောင့် ရထားစီးခွင့်၊ ကားစီးခွင့် ရ၊ မရ မသေချာပေ။ မိုင်ရာချီ ကွာဝေးသည့် ခရီးကို လမ်းလျှောက်ပြီး ကိုယ့်ဌာနေကို ဦးတည်နေကြချိန်တွင် ရထားကြိတ်ခြင်း၊ ကားကြိတ်ခြင်းများကြောင့် သေဆုံးခဲ့သည့် ရွှေ့ပြောင်းလုပ်သားများ ရှိနေသည်။                                   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ