နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာမှု ပြန်လည်ရုပ်သိမ်း

မေ  ၁၅၊  တိုကျို

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု သိသိသာသာ ကျဆင်းလာခြင်းကြောင့် စီရင်စု ၄၇ ခု ရှိသည့်အနက် ၃၉ ခုတွင် အရေးပေါ်အခြေအနေ ကြေညာမှုကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သို့သော် နေ့စဉ်နေ့တိုင်း ရောဂါကူးစက်မှုသစ်များ ရှိနေသေးသည့် တိုကျိုမြို့၊ အိုဆာကာမြို့နှင့် ဟော့ကိုင်းဒိုး ကျွန်းများတွင် အရေးပေါ်အခြေအနေ သက်ရောက်နေဆဲဖြစ်သည်။ ဂျပန်နိုင်ငံ၏ ရောဂါကူးစက်မှုနှုန်းမှာ အမြင့်ဆုံးနှုန်း၏ ၇ ပုံ၊ တစ်ပုံအထိ ကျဆင်းသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်သော်လည်း နိုးနိုးကြားကြားရှိကြရန်၊ နှာခေါင်းစည်းများတပ်ကြရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေကြရန် တိုက်တွန်းထားသည်။
''ဖြစ်နိုင်မယ်ဆိုရင်တော့ မေလ ၃၁ ရက်မတိုင်ခင် တခြားဒေသတွေမှာလည်း အရေးပေါ်အခြေအနေကို ရုပ်သိမ်းချင်ပါတယ်'' ဟု ရှင်ဇိုအာဘေးက ပြောသည်။
ဂျပန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၆၀၄၉ ဦး  ရှိပြီး သေဆုံးသူ ၆၇၈ ဦး ရှိသည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ