နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် အလုပ်သမားအင်အားစု၏ လေးပုံ၊ တစ်ပုံ အလုပ်လက်မဲ့ဖြစ်နေ

မေ ၁၅၊  ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့်အတွက် ပြီးခဲ့သည့်ရက်သတ္တပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသည့် အမေရိကန်နိုင်ငံသား ၃ သန်းနီးပါးရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လလယ်နောက်ပိုင်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃၆ သန်းကျော်ရှိနေသည်။ အဆိုပါပမာဏမှာ အမေရိကန်အလုပ်သမားအင်အားစု၏ ၄ ပုံ၊ တစ်ပုံနီးပါးရှိသည်။ မတ်လကုန်နောက်ပိုင်း ရက်သတ္တပတ်အတွက် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ အရေအတွက် ကျဆင်းလာသော်လည်း ယခင်စံချိန်ဟောင်း( ရက်သတ္တပတ် အတွင်း အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ ၇၀၀၀၀၀) နှင့် နှိုင်းယှဉ်ပါက အလွန်များပြားနေဆဲဖြစ်သည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးဦးမော့နိုင်စွမ်းမှာ မူလထင်မှတ်ထားသည်ထက် ပိုမိုနှေးကွေးဖွယ်ရှိသည်ဟု ယခုရက်သတ္တပတ်အတွင်း အမေရိကန်ဗဟိုဘဏ် အကြီးအကဲက သတိပေးထားသည်။ ပြီးခဲ့သည့်ဧပြီလထဲတွင် အလုပ်ရှင်များက အလုပ်သမား သန်း ၂၀ ကျော်ကို လျှော့ချခဲ့ရာ အလုပ်လက်မဲ့နှုန်း ၁၄.၇ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ဆယ်စုနှစ်တစ်စုနီးပါး ဖန်တီးခဲ့ရသည့် အလုပ်အကိုင်အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ပြည်နယ် တော်တော်များများတွင် ကန့်သတ်မှုများ ဖြေလျှော့ပေးခဲ့ခြင်းကြောင့် အလုပ်အကိုင်များ ပြန်လည်ခေါ်ယူဖွယ် ရှိနေသည်ဟု စီးပွားရေးပညာရှင်များက ယုံကြည်နေသည်။    

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ