နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့်သူအားလုံး နှာခေါင်းစည်းတပ်ရန် ကိုရီးယားလေကြောင်းလိုင်း ထုတ်ပြန်

မေ  ၁၅၊  ဆိုးလ်

လာမည့်တနင်္လာနေ့မှစတင်၍ ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်ပါသည့် ခရီးသည်အားလုံး နှာခေါင်းစည်းတပ်ဆင်ရမည်ဟု ကိုရီးယားလေကြောင်းလိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဗဟိုကပ်ရောဂါတုံ့ပြန်လှုပ်ရှားရေးရုံးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခုကဲ့သို့ စည်းမျဉ်းထုတ်ပြန်ရခြင်းဟု ဆိုသည်။
ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ကြရန် နိုင်ငံတကာ          လေကြောင်းပို့ဆောင်ရေးအစည်းအရုံး(IATA)က ညွှန်ကြားထားပြီး အခြားပြည်ပလေကြောင်းလိုင်းများကလည်း   အလားတူစည်းမျဉ်းများ ကျင့်သုံးနေသည်ဟု ကိုရီးယားလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုရီးယားလေကြောင်းလိုင်း၏ စည်းမျဉ်းသစ်အရ ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ စာရင်းသွင်းသည့် ကောင်တာနှင့် စောင့်ဆိုင်းရာနေရာများတွင်  နှာခေါင်းစည်းများနှင့် သင့်တော်သည့် မျက်နှာအကာအကွယ်များ တပ်ဆင်ထားရမည်ဖြစ်သည်။ အသက် နှစ်နှစ်အောက် ကလေးငယ်များ၊ အကူအညီပေးမည့်သူမပါဘဲ နှာခေါင်းစည်း မဖြုတ်နိုင်သူများ၊ နှာခေါင်းစည်း တပ်ပါက အသက်ရှူကျပ်လေ့ရှိသူများကို ခြွင်းချက်ပေးထားသည်။ ယခုစည်းမျဉ်းများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်များတွင်လည်း တိုးချဲ့သွားရန် စီစဉ်နေသည်ဟု ကိုရီးယားလေကြောင်းလိုင်းက ပြောသည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ