နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ကပ်ကျန်းမာရေး

လူတစ်ယောက်မှာ ကျောက်ကပ်တစ်စုံရှိတယ်။ တစ်လုံးမကောင်းရင် အခြား တစ်လုံးနဲ့ အသက်ရှင်နိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို ကျောက်ကပ်က ဆီးအဖြစ် စွန့်ထုတ်နိုင်တယ်။ ဆီးရောဂါဟာ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး ဖြစ်နိုင်တယ်။ ဆီးနဲ့ဆိုင်တဲ့အင်္ဂါဖြစ်လို့ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျင်ချောင်း ဆိုပြီး ဆီးနဲ့ဆိုင်တဲ့အင်္ဂါများရှိလို့ အဓိကကျဆုံး၊ အရေးကြီးဆုံး၊ ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်သင့်တယ်။


ခန္ဓာကိုယ်သွေးပြန်ကြောနဲ့အတူ စီးဝင်လျက်ရှိတဲ့သွေးကို သန့်စင်အောင် စစ်ဆေးပေးတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ပြောင်းလဲခြင်းမှ ထွက်လာတဲ့ အညစ်အကြေးများ၊ အဆိပ်အတောက်များ၊ ခန္ဓာကိုယ်ကစွန့်ထုတ်ပစ်တဲ့ ပစ္စည်းများ (ယူရီးယား၊ ခရစ်တီနင်း ပစ္စည်းများ) ကို ဆီးကတစ်ဆင့် စွန့်ထုတ်ပေးတယ်။ ကိုယ်တွင်းအရည်များ ပမာဏ တည်တံ့အောင် ထိန်းပေးတယ်။ သွေးအတွင်းဆိုဒီယမ်၊ ကလိုရိုဒ်နဲ့ ပိုတက်စီယမ်စတဲ့ ဓာတ်ဆားများရဲ့ အနည်းအများ သင့်တော်ဖို့ ညှိပေးတယ်။ ခြုံပြီးပြောရရင် ကျောက်ကပ်ဟာ ကိုယ်တွင်းဓာတ်သဘာဝကို ခန္ဓာကိုယ် လိုအပ်ချက်နဲ့ ကိုက်ညီဖို့ စွမ်းဆောင် ပေးတယ်။ သွေးနီဥထုတ်လုပ်ခြင်းကို အားပေးထောက်ကူပြီး သွေးဖိအားကို ထိန်းပေးထားတယ်။


ကျောက်ကပ်မကောင်းရင် ခန္ဓာကိုယ်တွင်း ဓာတ်ပစ္စည်းရဲ့အချိုးအစားလည်း မမှန်ကန်နိုင်တော့ပါ။ အရေးကြီးတဲ့ ပရိုတင်းများ သွေးနီဥများ၊ ဆီးနှင့်အတူပါသွားပြီး မလိုအပ်တဲ့အရည်များ၊ အညစ်အကြေးများ ကျန်ရစ်ခဲ့တယ်။ လူနာမှာ ဖျားရုံမက ခန္ဓာကိုယ်တွင်း အရည်များစုနေလို့ စရောင်လာတယ်။ ဆီးမသွားနိုင်ပဲ ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း ဖြစ်သည့်အပြင် ဆီးမှာသွေးပါလာတယ်။ နာတာရှည်ရောဂါဖြစ်ရင် နောက်ဆုံးကျောက်ကပ်က ကာလရှည် အားနည်းရာမှ ကျောက်ကပ်အလုပ်မလုပ်ခြင်း ဖြစ်လာတယ်။ သွေးထဲမှာ ယူရီးယားအဆိပ်များ များပြားလာပြီး လူမှုဒုက္ခ ရောက်သွားနိုင်တယ်။


နာတာရှည်ကျောက်ကပ်ရောဂါဟာ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ တို့ကိုလည်း ဆက်စပ်ဖြစ်ပေါ် စေတယ်။ မွေးကတည်းကပါလာတဲ့ ကျောက်ကပ်ရောဂါများ ဥပမာ အရည်အိတ်များ၊ ကျောက်ကပ်နှင့် ကျောက်ကပ် (Polycystic Kidney or Renal Hypoplasia)  တို့ဖြစ်သည်။ ကျောက်ကပ် အလုပ်ကောင်းကောင်းမလုပ်ရင် ဆီးမထွက်တော့ပါ။ ကလေးအရွယ်မှာပင်တွေ့နိုင်သလို၊ အချို့အရွယ်ရောက်မှ သွေးတိုးရောဂါ ဖြစ်တတ်တယ်။

ကျောက်ကပ်တစ်လုံးကောင်းရင်လည်း အသက်ရှင်နိုင်ပါတယ်။ ကျောက်ကပ်ဟာ တိုက်ရိုက်ရောဂါမထိ ဒဏ်ရာမရ လည်း အခြားကိုယ်အင်္ဂါများ၊ ရောဂါရရင်သူလည်း ဒဏ်ခံရတယ်။ မီးလောင်၊ ဗုံးမှန်၊ ကာလဝမ်းရောဂါ ရရှိသူများမှာ ဆီးမထွက်ပဲ သေရတတ်တယ်။ ဆက်ပြီး မြန်မာလူမျိုးများအဖြစ်များဆုံးမှာ “တညင်းသီး” တောင့်ခြင်း ဖြစ်တာ တညင်းသီးအစားများပါက ကျောက်ကပ်ပျက်စီးစေတယ်။ တညင်းသီး တစ်လုံးဟာ ကျောက်ကပ်တစ်ယူနစ်ကျော် ပျက်စီးစေတယ်။ အစားများရင် ကျောက်ကပ် ပျက်စီးသွားတယ်။ ဆီးရောဂါနှင့် သေဆုံးသူများပြားစေတယ်။
လူတိုင်းကျန်းမာစွာ အသက်ရှည်လိုရင် ဆီးနဲ့ကျောက်ကပ်ရောဂါမှ ကင်းဝေးအောင် နေထိုင်ကြမယ်။ ကျောက်ကပ် အကြောင်း၊ ဆီးအကြောင်းသိရမယ်။ ကျောက်ကပ်ရောဂါနဲ့ ကာကွယ်ကုသပုံကို အကြမ်းဖျင်းသိထားသင့်ပါတယ်။ အရေပြားယားနာများ စနစ်တကျ ကုသထားသင့်ပါတယ်။ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ။


 (ဒေါက်တာလွင်သန့်)






အခြားဆက်စပ်သတင်းများ