နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးငါးမြို့နယ်အတွင်း အိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှုများ အနိမ့်ဆုံးဈေးဖြင့် ရောင်းဝယ်ငှားရမ်းမှုများရှိ

မန္တလေး မတ် ၈

မန္တလေးငါးမြို့နယ်ဖြစ်သော အောင်မြေသာစံမြို့နယ်ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာ စည် မြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်များတွင် Covid19 ကာလအပြီးတွင် အိမ်ခြံမြေ ရောင်းဝယ်မှု၊ ငှားရမ်းမှုများ အေး စက်လျက်ရှိကြောင်း မန္တလေးအိမ်ခြံမြေအကျိုးဆောင်အသင်းမှသိရသည်။ မန္တလေးမြို့၏အချက်အခြာ ချမ်းအေးသာစံ မြို့နယ်နှင့်မဟာအောင်မြေမြို့နယ်တို့သည် အချက်အခြာကျသောနေရာများဖြစ်၍ အရောင်းပြခန်း၊ ဈေးဆိုင်ခန်းဖွင့်လိုသူများကကြိုတင်ငှားရမ်းမှုများကြောင့်နေရာပေါ်မူတည်ကာအနိမ့်ဆုံးဈေးနှုန်းဖြင့် ငှားရမ်းနေရသည်။ မြို့တွင်းဧရိယာ တွင် လုံးချင်းအိမ်ရာများထက်တိုက်ခန်းများသာငှားရမ်းမှု အနည်းငယ်ရှိသည်။ ဈေးချိုနှင့်ရတနာပုံဈေးအနီး နေအိမ်များ တွင်ဈေးပိတ်ထားသဖြင့် ဈေးဆိုင်ဖွင့်လှစ်နိုင်ရေးအတွက်အခန်းများ ကန့်ကာငှားရမ်းကြသည်။ အနိမ့်ဆုံးဈေးကျပ် ၂ သိန်းမှကျပ် ၁၀ သိန်းဝန်ကျင်ဖြင့် ငှားရမ်းကြသည်။
ချမ်းမြသာစည်မြို့နယ်တွင် လူနေထိုင်ရန်လုံးချင်းအိမ်များငှားရမ်းမှုအနည်းငယ်ရှိပြီး သိပ္ပံလမ်း၊ ၆၂လမ်း၊ ၆၃ လမ်း၊ ၆၄လမ်း၊ ၆၅လမ်း၊ ၆၆လမ်းတို့တွင် နေအိမ်တစ်လုံးတစ်လ ကျပ် ၁၀ သိန်းခန့်ဖြင့် အနိမ့်ဆုံးခြောက်လမှ တစ်နှစ်စာချုပ် ဖြင့်ငှားရမ်းကြသည်။

ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် ဆင်ခြေဖုံးရပ်ကွက်များ၊ မြရည်နန္ဒာ၊ ထွန်တုံးအောင်သာယာ၊ သင်ပန်းကုန်းရပ်ကွက်များတွင်နယ်မှ မန္တလေးမြို့သို့လာရောက်လုပ်ကိုင်သူများ နေထိုင်ရန် အိမ်ခန်းများငှားရမ်းမှုမြှင့်တက်လျက်ရှိရာအနိမ့်ဆုံးကျပ်၅၀ဝ၀ဝမှကျပ်၁၅၀ဝ၀ဝအထိရှိကြောင်းသိရသည်။ မန္တလေး အနီးပုသိမ်ကြီးမြို့နယ်အတွင်း လယ်ကွက်များအား အကွက်ရိုက်ရောင်းဝယ်မှုများရှိရာ ငွေဖော်လိုသူများအနိမ့်ဆုံး ကျပ် သိန်း ၁၀ဝ ဝန်းကျင်ဖြင့် ရောင်းဝယ်မှုများရှိကြောင်း သိရသည်။        
               
 မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ