နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် သုံးဘီးဆိုင်ကယ်ပြေးဆွဲသူများ အဆင်ပြေ

မိုင်းယောင်း မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင်မြို့တွင်းနှင့် မိုင်းဖြတ်-မိုင်းယောင်း၊                မိုင်းယောင်း- မိုင်းယုကတ္တရာလမ်း တိုးချဲ့ခင်းပြီးနောက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သွားသောကြောင့် ဒေသခံ ပြည်သူများနှင့် သုံးဘီးဆိုင်ကယ်ပြေးဆွဲသူများ အဆင်ပြေနေကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်ရှိ မိုင်းယောင်း-မိုင်းယုလမ်းမှာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ရှိသော်လည်း ယခုအခါ COVID-19 ဖြစ်ပွားမှုအခြေအနေကြောင့် ခရီးသွားများအနေနှင့် သုံးဘီးဆိုင်ကယ်များကိုသာ အားထားနေရကြောင်း။ သုံးဘီးဆိုင်ကယ်နှင့် သွားလာရာတွင် မြို့တွင်း၊ မြို့ပြင်၊ ကုန်နှင့် ခရီးသည် အနည်း၊ အများပေါ် မူတည်ပြီး သတ်မှတ် နှုန်းထားများ အမျိုးမျိုးရှိကြောင်း သိရသည်။

“ယခုအခါ ကတ္တရာလမ်း တိုးချဲ့ခင်းလာတဲ့အတွက် အချိန်တိုအတွင်း ခရီးသည်တွေကို ပို့ဆောင်ပေးနိုင်ပြီး အခေါက်ရေ ပိုရလာတာကြောင့် သုံးဘီးဆိုင်ကယ်သမားတွေ အဆင်ပြေကြပါတယ်။ တစ်ရက်ကို ဆီဖိုးနဲ့ အသုံး စရိတ်တွေနုတ်ပြီး ကျပ်တစ်သောင်းခန့်ကျန်ပါတယ်။ အခေါက်ကြီးရရင် ကျပ်သုံးသောင်းခန့်အထိကျန်တယ်”ဟု သုံးဘီးဆိုင်ကယ် ပြေးဆွဲနေသူများထံမှ သိရသည်။

စိုင်းအောင်ဇော်လင်း






အခြားဆက်စပ်သတင်းများ