နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံတက်လူနာများအတွက် စေတနာသွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်း၊ စားသောက်ဖွယ်ရာများထောက်ပံ

မန္တလေး မတ်  ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တပ်မတော်ဆေးရုံကြီးတွင် လာရောက်ဆေးကုသမှုခံယူနေသော ပြည်သူ များ၏ သွေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန်နှင့်ခွဲစိတ်လူနာ များနှင့်အခြားသွေးသွင်းလူနာ ကုသရေးလုပ်ငန်းများတွင်လိုအပ်လျက်ရှိသောသွေးများရရှိစေရေးအတွက် မတ် ၆ ရက်မွန်းလွဲ ၁ နာရီက ပြင်ဦးလွင် တပ်မတော်ဆေးရုံကြီးတွင် မန္တလေးမြို့မှသံဃာတော်များ စေတနာသွေးလှူရှင်များနှင့်ပြင်ဦးလွင်တပ်နယ်မှ သင်တန်း သားများက ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်း ကြသည်။

ထိုသို့သွေးလှူဒါန်းနိုင်ရေးအတွက် တပ်မတော်ဆေးရုံမှကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများဆောင်ရွက်ပေးပြီး စုပေါင်းသွေးလှူဒါန်းရာ ပြင်ဦးလွင်တပ်နယ်မှူး၊ဆေးရုံမှဆေးမှူးများနှင့်တာဝန်ရှိသူများက ကြည့်ရှု့အားပေးကြပြီး သွေးလှူဒါန်းသူများ အားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။      
                 
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ