နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ကြက်ခြေနီက လူမှုကရုဏာအကူအညီများကို မည်သည့်အခြေအနေတွင်မဆို ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိ

ရန်ကုန် မတ်  ၈

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် နိုင်ငံတစ်ဝန်းအကူအညီလိုအပ်သူများအတွက် အကူအညီများ ပေးလျှက်ရှိသည်။ လှိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်(၀၀:၁၀) နာရီခန့်က အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နာ ကျင်၍ ဆေးရုံသို့ ဆေးကုသမှုခံယူလိုကြောင်း လှိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ဖုန်းဆက်အကူအညီတောင်းခံ လာသည့်အတွက်လှိုင်မြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတက်ရန် မလိုအပ်သဖြင့် (၀၁:၀၀) နာရီခန့် အချိန်တွင် ၎င်း၏နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ (၇) ရက် (၀၂:၀၀) နာရီခန့် အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးဝင်း (အဝိုင်းကြီး) ဝန်ထမ်းလိုင်းခန်းများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် မြောက်ဥက္ကလာပမြို့နယ်အသင်းခွဲမှ လိုအပ်သည့် ဆေးအကူအညီများ သွားရောက်ကူညီခဲ့ကြသည်။ ထို့အပြင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လက်တလော ထိခိုက်ဒဏ်ရာ ရသူများ၊ အရေးပေါ်အကူအညီလိုအပ်နေသူ များအား ရှေးဦးပြစုခြင်းနှင့် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို အခြေခံမူ(၇)နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။

(WP)






အခြားဆက်စပ်သတင်းများ